Hysterosalpingogram (HSG) သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းစစ်ဆေးခြင်း

⛳️သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းစစ်ဆေးခြင်း Hysterosalpingogram (HSG)

သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာများအား ကြိုတင်သိရှိပြီး ကာကွယ်ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Interventional Radiologist Centre တွင် ခွဲစိတ်ကုသရန်မလိုဘဲ Hysterosalpingogram (HSG) သားအိမ်နှင့် သားဥပြွန်လမ်းကြောင်း စစ်ဆေးကုသခြင်းကို ကျွမ်းကျင်သော Interventional Radiologist များက Bahosi Interventional Radiology Centre တွင်အကောင်းဆုံး ဆောင်ရွက်ပေးလျက်ရှိပါသည်ခင်ဗျာ။

HSG ဆိုတာဘာလဲ❓

ပထမဦးစွာ သားအိမ်ခေါင်းမှတစ်ဆင့် သေးငယ်သော Guide Wire ကိုအသုံးပြု၍ ပုံရိပ်ဖော်ဆေးရည် ဆေးသွင်း ရိုက်ကူးပြီး သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပိတ်/မပိတ်၊ သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းများ ပုံမှန်ဟုတ်/မဟုတ် အား ခွဲစိတ်စရာမလို၊ ဆေးရုံတက်စရာ မလိုဘဲ Interventional Radiology နည်းပညာဖြင့် ကြည့်ရှုစစ်ဆေးကုသခြင်းဖြစ်ပါသည်။ HSG ပြုလုပ်ခြင်းသည် သားအိမ်နှင့် သားဥပြွန်လမ်းကြောင်းတွင် မူမမှန်မှုများကို ချက်ချင်းသိရှိနိုင်သောကြောင့် အမျိုးသမီးဆိုင်ရာ ကျန်းမာရေးပြဿနာများကို စောလျှင်စွာ ကာကွယ်ကုသမှုများပြုလုပ်နိုင်ပြီး မလိုအားအပ်သော ကျန်းမာရေး ပြဿနာများကို လျှော့ချနိုင်မည်ဖြစ်ပါသည်။

🎯ဘယ်လိုလူမျိုးတွေ HSG ပြုလုပ်သင့်ပါသလဲ❓

✅ကလေးရရန်ခက်ခဲပြီး ကိုယ်ဝန်ခဏခဏမမြဲသူများ၊

✅သားအိမ်ခွဲစိတ်မှုခံယူပြီးသောသူများ၊

✅အမျိုးသမီးရောဂါခံစားနေရသူများ တို့သည် HSG ပြုလုပ်သင့်ပါသည်။

⏰HSG ပြုလုပ်ရန်အကောင်းဆုံးအချိန်

ရာသီစက်ဝန်း ၇ ရက်မှ ၁၀ ရက်ကြားတွင် HSG ပြုလုပ်ခြင်းသည်အကောင်းဆုံးဖြစ်ပါသည်။ ဓမ္မတာလာပြီး နောက် HSG လုပ်ဆောင်ခြင်းက သားအိမ်အတွင်းနှင့် သားအိမ်ပြွန်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့စေနိုင်ခြင်း ကြောင့်ဖြစ်ပါသည်။

❌ထို့အပြင်အမျိုးသမီးများ ကိုယ်ဝန်ရှိနေပါက HSG မပြုလုပ်သင့်ပါ၊ တင်ပါးဆုံနားတစ်ဝိုက် ရောင်ရမ်းခြင်းများနှင့် သားအိမ်အတွင်းမှသွေးဆင်းခြင်းများရှိပါက HSG မပြုလုပ်သင့်ပါ။ HSG ပြုလုပ်ရန် (သင့်/မသင့်) ကို ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်ခင်ဗျာ။

#hysterosalpingogram #interventionalradiologist #womenhealth #bahosi_hospital

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”