👴👵International Day of Older Person
 
အပြည်ပြည်ဆိုင်ရာအသက်ကြီးရွယ်အိုများနေ့ကို နှစ်စဉ် အောက်တိုဘာလ (၁) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိသက်ကြီးရွယ်အိုများနှင့်ပတ်သက်၍ စာနာမှုများ၊ မေတ္တာတရားနှင့် ပျော်ရွှင်မှုများပေးစွမ်း နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်တွင် သက်ကြီးရွယ်အို အဘိုးအဖွားများရှိပါက ဂရုတစိုက်အဖော်ပြု စောင့်ရှောက်၍ ပျော်ရွှင်သောမိသားစု ပျော်ရွှင်သောပတ်ဝန်း ကျင်တစ်ခုကို ဖန်တီးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ကို ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းမိသားစုများမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”