👴👵International Day of Older Persons-2026

အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ကို နှစ်စဉ် အောက်တိုဘာလ (၁) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ “ယနေ့ခေတ်တွင် ဆေးပညာ တိုးတက်လာမှုကြောင့် လူတို့၏ ပျမ်းမျှသက်တမ်း ပိုမိုရှည်ကြာလာသည်နှင့်အမျှ သက်ကြီးရွယ်အိုများအတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်နှင့် စောင့်ရှောက်မှုစနစ်များကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။” ယခုနှစ်၏ဆောင်ပုဒ်မှာ”The Age of Longevity: Rethinking Systems for Longer Lives” ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ သက်ကြီးရွယ်အိုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး အေးချမ်း သာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဗဟိုရ်စည်ဆေးရုံကြီးက ဆုမွန်ကောင်းတောင်းပြီး အပြည်ပြည် ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အား ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။🌺🙏 

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”