💐International Nurses Day-2024💐

⛳️အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့သည် နှစ်စဉ် မေလ (၁၂) ရက်နေ့တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ကျင်းပသောနေ့ တစ်နေ့ဖြစ်ပါသည်။ (၁၉၆၅) ခုနှစ်မှစ၍ ခေတ်သစ်သူနာပြုလုပ်ငန်းကို တည်ထောင်သူအဖြစ်လူသိများသော ဖလောရင့်နိုက်တင်ဂေးလ်ကိုဂုဏ်ပြုသောအားဖြင့် သူမ၏မွေးနေ့ဖြစ်သော မေလ (၁၂) ရက်နေ့ကို အပြည်ပြည် ဆိုင်ရာသူနာပြုများနေ့အဖြစ် ရွေးချယ်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Our Nurses. Our Future. The economic power of care.” ဖြစ်ပါသည်။ ဆေးရုံများ၊ ဆေးခန်းများနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုနေရာများတွင် လူနာများ၏ အသက်များကို ကယ်တင်နေသည့် သူနာပြုများ၏ ကြိုးစားအားထုတ်မှုနှင့် အရေးပါမှုတို့ကို ချီးကျုးဂုဏ်ပြုသော အားဖြင့် International Nurses Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။🥰🥰

🎶🎼🎵“ဂရုဏာအလင်း” သီချင်း ၏ မူရင်းတေးရေး တေးဆို များကို International Nurses Day နှင့် အတူ ဗဟိုရ်စည်ဆေးရုံကြီးမှ လေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ 🥰🥰🥰#Special_Credit

🥰ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံးကြီး၏ သူနာပြုများအနေဖြင့်လည်း လူနာများဘေးကင်းလုံခြုံမှုများအပြင် လူနာအားလုံးရောဂါများပျောက်ကင်းပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် ရည်သန်၍ ဆရာဝန်များနှင့် လက်တွဲညီညီဖြင့် အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”