⛳️International Nurses Day Celebration-2024

မေလ (၁၂) ရက်နေ့တွင် ကျင်းပပြုလုပ်သော International Nurses Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ 💐💐💐

 💐အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့သည် နှစ်စဉ် မေလ (၁၂) ရက်နေ့တွင် တစ်ကမ္ဘာလုံးဆိုင်ရာ ကျင်းပသောနေ့တစ်နေ့ဖြစ်ပါသည်။ (၁၉၆၅) ခုနှစ်တွင် ခေတ်သစ်သူနာပြုလုပ်ငန်းကို တည်ထောင်သူအဖြစ် လူသိများသော ဖလောရင့်နိုက်တင်ဂေးလ်ကိုဂုဏ်ပြုသောအားဖြင့် သူမ၏မွေးနေ့ဖြစ်သော မေလ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အဖြစ် သက်မှတ်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Our Nurses. Our Future. The economic power of care.” ဖြစ်ပါသည်။ ဆေးရုံများ၊ ဆေးခန်းများနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု နေရာများတွင် ဆရာဝန်များနှင့်လက်တွဲညီညီဖြင့် လူနာများ၏ အသက်များကို ကယ်တင်နေသည့် သူနာပြုများ၏ ကြိုးစားအားထုတ်မှုနှင့် အရေးပါမှုတို့ကို ချီးကျုးဂုဏ်ပြုသောအားဖြင့် ဗဟိုရ်စည်ဆေးရုံကြီးတွင် International Nurses Day အားကျင်းပပြုလုပ်ပေးနေသည့် ဝမ်းမြောက် ဖွယ်မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

🎉🎊🎉🎉ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် “International Nurses Day” အား ဂုဏ်ပြုသောအားဖြင့် တက်ရောက်ပြီး ဆုချီးမြှင့်ပေးကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ Managing Director, HR Director, Admin Director, Clinical Director, Asst Chief Clinical Officer များနှင့်တကွ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

🥰International Nurses Day ဂုဏ်ပြုပွဲအတွက် Sponsor ပေးသည့် Royal Distribution Co.,Ltd, JDS Co.,Ltd – Terumo Corporation နှင့် Zifam Alaris Co.,Ltd မှတာဝန်ရှိသူများအား ဗဟိုရ်စည်ဆေးရုံကြီးက အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”