🌏World Environment Day (ကမ္ဘာ့ပတ်ဝန်းကျင်နေ့)(June-5)
ဇွန်လ(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဟု ကုလသမဂ္ဂက သတ်မှတ်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှု၊ လူဦးရေများလာမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းလာမှု စသည့်ကိစ္စရပ်များကို သတိပြုမိစေရန်ရည်ရွယ်၍ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်သောအားဖြင့် ပလပ်စတစ်နှင့် အခြားသောအမှိုက်များကိုစနစ်တကျစွန့်ပစ်ပြီး သစ်ပင်များစိုက်ပျိုးခြင်းဖြင့် အတူတကွဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုက ကမ္ဘာ့ပတ်ဝန်းကျင်နေ့ကို ကြိုဆိုသောအားဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”