Orthopedic Surgery

 
အရိုးနှင့်ပတ်သက်သောခွဲစိတ်ကုသမှုများ(Orthopedic Surgery)

မင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OT ဌာနတွင် အရိုးနှင့်ပတ်သက်သော ခွဲစိတ်ကုသမှု များကိုကျွမ်းကျင်သော အရိုးရောဂါခွဲစိတ်အထူးကုဆရာဝန်ကြီးများက ခေတ်မီစက်ကိရိယာများကို အသုံးပြုကာ လူနာများအတွက် အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

ကျွန်ုပ်တို့၏ အရိုးအဆစ်များသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ စားသောက်ပုံနည်းလမ်း မမှန်ခြင်း၊ နေထိုင်မှုပုံစံမမှန်ခြင်း၊ မတော်တဆမှုဖြစ်ပွားခြင်းများကြောင့် အရိုးများပျက်စီးလာနိုင်ပါသည်။ ထိုသို့ အရိုးအဆစ်ထိခိုက်မှုများဖြစ်ခဲ့ပါက ပကတိအတိုင်းကောင်းမွန်စေရန် မှန်ကန်စွာရောဂါရှာဖွေခြင်းနှင့် အချိန်မီ ကုသခြင်းမှာ အလွန်ပင်အရေးကြီးပါသည်။

အရိုးနှင့်ပတ်သက်သော ခွဲစိတ်ကုသမှုများမှာ

  1. ဒူးခေါင်းရိုး တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး အစားထိုးခွဲစိတ်ကုသခြင်း
  2. (TKR / Bilateral TKR) (Total Knee Replacement)၊
  3. တင်ပါဆုံရိုး တစ်ဖက်သို့မဟုတ် နှစ်ဖက်လုံး အစားထိုးခွဲစိတ်ကုသခြင်း
  4. (THR / Bilateral THR)(Total HIP Replacement)၊
  5. ပေါင်ထိပ်ရိုးကျိုးခြင်းကို ခွဲစိတ်ကုသခြင်း
  6. (Bipolar Hemiarthroplasty / DHS: Synamic Hip Screco)၊)
  7. ကျောရိုးဆစ်ခွဲစိတ်ခြင်း (လည်ပင်းရိုး + ကျောရိုး + ခါးရိုး)
    •  အာရုံကြောပိနေသော Disc သို့မဟုတ် အရိုးပိုင်း Lamcria ဖယ်ထုတ်ခြင်း (Dissectomy / Laminectomy)၊
    • အာရုံကြောအားပိနေသောခါးဆစ်အစိတ်အပိုင်းအားဖယ်ထုတ်ခြင်း(Dissectomy) လည်ပင်းရိုး – ACCF (Amterior Cervical Corpectomy and Fusion) – PCDF (Posterior Cervical Dissectomy and Fusion)၊
    • ကျောရိုးအဆစ်အားအစားထိုးပစ္စည်းများအသုံးပြု၍ ဖယ်ထုတ်ခြင်း(PLIF) (Posterior Lumbar Interbody Fusion)၊
    • ကျိုးနေသော ကျောရိုးအဆစ်အား ၎င်းအဆစ်၏အရှေ့ဖက်သို့မဟုတ် အနောက်ဖက်မှ အစားထိုးပစ္စည်းများဖြင့် ခိုင်ခံ့အောင်ပြုလုပ်ခြင်း (SPINAL FUSION SURGERY)၊
    • ပုံသဏ္ဍန် ယိုယွင်းနေသောကျောရိုးအဆစ်များအား ပြန်လည်ပြုပြင်ပေးခြင်း(SCOLIOSIS SURGERY)၊
  8. ပေါင်ရိုး၊ ခြေသလုံးရိုး၊ လက်မောင်းရိုး၊ လက်ဖျံရိုး၊ လက်ကောက်ဝတ်ကျိုးခြင်းများကို ခွဲစိတ်ကုသခြင်း – DISTALFEMUR FRACTURE, BOTH BONE FRACTURE LGG/ FOREARM, HUMERUS FRACTURE (NECK, SHART), OPEN REDUCTION AND INTERNAL FIXATION + PLATING/ INTERLOCKING NAIL. – DISTAL RADIUS FRACTURE (or) COLLES FRACTURE / MUA+POP+K.wire fixaturi under C.arm
  9. ဒူးခေါင်းတွင်း အကြောပြတ်၍ ဒူးမခိုင်ခြင်းကို ခွဲစိတ်ကုသခြင်း(Amt Cruciate Ligament Rupture) = Recon STUCTION
  10. အရိုးပွ၊ ဒူးနာ၊ ခါးနာများကို ဆေးထိုးခြင်း EPIDURAL STEROID INJECTION, DENO MEDROL INJECTION PRP INJECTION
ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးတွင် အရိုးအဆစ်နှင့်ပတ်သက်သော ဒူးနာ၊ ခါးနာ၊ နာတာရှည်အဆစ် ရောင်ခြင်း၊ အရိုးနာခြင်း၊ အဆစ်နာခြင်းနှင့် အရိုးပွရောဂါများကို သက်ဆိုင်ရာကျွမ်းကျင်သော အရိုးအထူးကု ဆရာဝန်ကြီးများဖြင့် ဆွေးနွေးတိုင်ပင်ကုသမှုပေးနေပြီး ပြန်လည်ထူထောင်ရေးများအတွက်လည်း အကောင်း ဆုံးဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”