Holter ECG (Long -Term Heart Monitoring)

🙏မင်္ဂလာပါခင်ဗျာ🙏
ဗဟိုရ်စည်ဆေးရုံကြီးတွင် Holter ECG ဝန်ဆောင်မှုကို 24 hr ECG Holter (သို့မဟုတ်) 48 hr ECG Holter စက်များ လူနာကိုယ်ပေါ် တပ်ဆင်ပေး၍ လူနာ၏ နှလုံးအခြေအနေကို စဉ်ဆက်မပြတ် မှန်ကန်တိကျသော အဖြေများ မှတ်သားအဖြေထုတ်ပေးနေပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည် ခင်ဗျာ။📣📣📣

📈 Holter ECG ဆိုတာဘာလဲ?
လူတစ်ယောက်၏ နှလုံးခုန်နှုန်းနှင့် နှလုံးစည်းချက် မှန် မမှန် ၂၄နာရီ ခန္ဓာကိုယ်တွင် တပ်ဆင်၍ မှတ်တမ်းတင် စောင့်ကြည့်ပေးသော စက်ကိရိယာ (အိတ်ဆောင် ECG စက်) ဖြစ်ပါသည်။

📈 Holter ECG တပ်ဆင်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးတွေကဘာတွေလဲ?
🎯နှလုံးခုန်နှုန်း အရမ်းနှေးခြင်း(Bradycardia )၊
🎯နှလုံးခုန်နှုန်း အရမ်းမြန်ခြင်း(Tachycardia )၊
🎯နှလုံးခုန်နှုန်း မူမမှန်ခြင်း(Arrhythmia )၊
စသည်တို့ကို သိရှိနိုင်ခြင်းဖြင့် ပြင်းထန်သော နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲပိတ်ခြင်း၊ နှလုံး ရုတ်တရက် ရပ်ပြီးသေဆုံးခြင်းတို့ကို ကြိုတင်ကာကွယ် ကုသနိုင်သော အကျိုးကျေးဇူးများကိုရရှိစေနိုင်မည် ဖြစ်ပါသည်။

📈ဘယ်လို ရောဂါလက္ခဏာရှိသူတွေ Holter ECG လုပ်သင့်ပါသလဲ?
🩺နှလုံးခုန်မမှန်ဘဲ ရင်ထဲ တလှပ်လှပ် ခံစားနေရသူများ၊
🩺ခြေတွေလက်တွေ မသယ်ချင်‌လောက်အောင် ပင်ပန်းနုံးချိနေသူများ၊
🩺ရင်တုန်ပြီး ခေါင်းအမြဲမူးနေသူများ၊
🩺အသက်ရူမဝဖြစ်နေသူများ၊
🩺ရင်ဘက်အောင့်နေသူများ၊
🩺ရုတ်တရက် မကြာခဏမေ့လဲသူများ၊
🩺လေဖြန်းချင်သူများ၊
စသည့် အထက်ပါလက္ခဏာများ ခံစားနေရပြီဖြစ်ပါက Holter ECG စက်ဖြင့်ရောဂါရှာဖွေသင့်ပါသည်။

📈 Holter ECG ဘယ်လိုအသုံးပြုရမလဲ?
အထွေထွေသမားတော်၊ နှလုံးအထူးကုသမားတော်တို့နှင့် အရင်တိုင်ပင်ပြီး သမားတော်မှ Holter ECG တပ်ဆင်၍ ရောဂါရှာဖွေခိုင်းပါက ဗဟိုရ်စည်ဆေးရုံကြီးမှ အောက်ပါအတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
👉Holter ECG အတွက် ရင်ဘက်တွင် Chest Leads များပြုတ်မကျအောင် စနစ်တကျတပ် ဆင်ပေးခြင်း၊
👉Holter ECG တပ်ဆင်နေစဉ်အတွင်း ဆောင်ရန်၊ ရှောင်ရန်တို့ကိုအထူး မှာကြားပေးခြင်း(Holter Monitor ECG စက် တပ်စဉ်ထားချိန်တွင် ရေမထိရန်လိုအပ်ခြင်း၊ လျှပ်စစ်ကြိမ်နှုန်းများကို အ နှောက်အယှက်ပေးနိုင်သည့် မိုဘိုင်းဖုန်းများ၊ လျှပ်စစ်သံလိုက်ပစ္စည်း များ ၊မိုက်ခရိုဝေ့ပ် စက်များ အသုံးမပြုသင့်ခြင်း)၊
👉ပြန်လာ၍ Report ထုတ်ရမည့်နေ့ရက် အချိန်အတွက် ရက်ချိန်းပေးခြင်း၊
👉သက်ဆိုင်ရာ အထွေထွေသမာတော်၊ နှလုံးအထူးကုသမားတော်နှင့် ပြန်ပြနိုင်ရန် စီစဉ်ပေးခြင်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

📈Holter ECG စစ်ဆေးခြင်းဖြင့်
🎯ပုံမှန် ECG ဆွဲပြီး စစ်ဆေးခြင်းထက် ပို၍တိကျသော အဖြေထုတ်ပေးနိုင်ခြင်း၊
🎯ဘေးထွက်ဆိုးကျိုးလုံးဝ မရှိခြင်း၊
🎯ဆေးရုံတက်စရာ မလိုခြင်း၊
🎯Holter Monitor ECG စက်တပ်စဉ်ထားချိန်တွင် နေစဉ်လုပ်ငန်းဆောင်တာများကို ပုံမှန် အတိုင်း ဆက်လက် လုပ်ဆောင်နိူင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

ထို့ကြောင့် သင်နှင့် သင့်မိသားစု၏ နှလုံးကျန်းမာရေးအတွက် ဗဟိုရ်စည်ဆေးရုံကြီးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အကြံပေး ဖိတ်ခေါ်အပ်ပါသည်။ England နိုင်ငံမှ တင်သွင်းသော စက်ကို အသုံးပြုပြီး⏰ နံနက် 8:00 AM မှ ညနေ 4:00 PM အတွင်း ဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးနေပါသည်။

🏷“ ကျသင့်ငွေကတော့
24 hr. ကို 50,000 KS ကျသင့်တာကို 🏷Discount (5000 KS) ပေးလို့ 45,000 KS ကျသင့်ပါမယ် ခင်ဗျာ
48 hr. ကို 75,000 KS ကျသင့်တာကို 🏷Discount (5000 KS) ပေးလို့ 70,000 KS ကျသင့်ပါမယ် ခင်ဗျာ”

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

☎️Phone-01-2300631(Hot Line),
🏥အမှတ်(၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
Email : bahosihospital@gmail.com
Website : www.bahosihospital.com