Radiofrequency Ablation (RFA) ရေဒီယိုအသံလှိုင်းကိုအသုံးပြု၍ အပူပေးကုသခြင်း

⛳Radiofrequency Ablation (RFA) ရေဒီယိုအသံလှိုင်းကိုအသုံးပြု၍ အပူပေးကုသခြင်း

ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး၏ Interventional Radiology (IR) ဌာနတွင် ရေဒီယိုအသံလှိုင်းသုံး၍ အပူပေးကုသခြင်း (Radiofrequency Ablation RFA) နည်းပညာကိုအသုံးပြုကာ အသည်း၊ အဆုတ်၊ ကျောက်ကပ်နှင့် အရိုးများတွင် သေးငယ်သော ကင်ဆာ အကျိတ်အမျိုးအစားအချို့ကို ဖျက်ဆီးရန် သို့မဟုတ် ရောဂါလက္ခဏာသက်သာစေရန်အတွက် အသေးငယ်ဆုံးသော ခွဲစိတ်ရာဖြင့် အရေပြားမှတဆင့် အပ်သွားရမည့်လမ်းကြောင်းကို အာထရာဆောင်း၊ CT-Scan ကဲ့သို့သော ပုံရိပ်ဖော်စက်ဖြင့် လမ်းကြောင်းကြည့်ပြီး ကုသမှုပေးနေပါသည်ခင်ဗျာ။

လူတစ်ဦးချင်းစီအတွက် RFA ကုသမှုလုပ်ဆောင်ရန်သင့်လျော်ခြင်းရှိမရှိကို အကျိတ် (သို့မဟုတ်) တစ်ရှူးများ၏ အရွယ်အစားနှင့်တည်နေရာ၊ လူနာ၏ဆေးမှတ်တမ်းနှင့် အလုံးစုံကျန်းမာရေး အခြေအနေများစွာပေါ်မူတည်ပြီး RFA ကုသမှုဆုံးဖြတ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။

🎯Radiofrequency Ablation (RFA) ပြုလုပ်ခြင်းဖြင့်

  • 👉နာကျင်မှုကိုရပ်တန့်နိုင်ခြင်းနှင့် လျှော့ချနိုင်ခြင်း၊
  • 👉အရေပြားနှင့် တစ်ရှူးများထိခိုက်မှုအနည်းဆုံးဖြင့်ကုသနိုင်ခြင်း၊
  • 👉အကိုက်အခဲပျောက်ဆေးအသုံးပြုမှုအရေအတွက်ကိုလျှော့ချနိုင်ခြင်း၊
  • 👉ကုသမှုပြီးပါက မကြာမီ အိမ်ပြန်နိုင်ခြင်း၊
  • 👉ပြန်လည်နာလန်ထချိန်မြန်ဆန်ခြင်း၊
  • 👉တစ်ရက်နှစ်ရက်ကြာပြီးနောက် ရေချိုးခြင်းအပါအဝင် ပုံမှန်လုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။

⏰Radiofrequency Ablation Process ကဘယ်လောက်ကြာလဲ

  • ကုသမှုတည်နေရာနှင့် အရေအတွက်ပေါ်မှုတည်ပြီး ၁၅ မိနစ် မှ ၂ နာရီအထိကြာနိုင်ပါသည်။

🎯RFA ပြုလုပ်ပြီးနောက်တွင်

  • ကုသမှုပြီးနောက်အိမ်တွင်အနားယူပါ၊
  • ၂၄ နာရီအတွင်း ကားမောင်းခြင်းနှင့် ပြင်းပြင်းထန်ထန်အလုပ်လုပ်ခြင်းများရှောင်ကြဉ်ပါ၊
  • ဆရာဝန်မှ ညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ပါ၊

အကယ်၍ ဆေးထိုးအပ်ထည့်သည့်နေရာ၌ ပြင်းထန်စွာနာကျင်ခြင်း၊ နီခြင်း(သို့မဟုတ်) ရောင်ရမ်းခြင်း၊ လက် (သို့မဟုတ်) ခြေထောက်တွင် အားနည်းခြင်း(သို့မဟုတ်) ထုံကျဉ်မှုတိုးလာခြင်းများ ခံစားရပါက ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးတိုင်ပင်ကုသမှုခံယူသင့်ပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”