🧂Salt Awareness Week
ဆားစားသုံးမှုများလွန်းခြင်းကြောင့် ကျန်းမာရေးထိခိုက်စေနိုင်သော အကျိုးကျေးဇူးများကို သိရှိစေရန်အတွက် မတ်လ တတိယအပတ် (၁၅) ရက်နေ့မှ (၂၁)ရက်နေ့တွင်ကျင်းပသော Salt Awareness Week သည် ကမ္ဘာလုံးဆိုင်ရာ ဆားလျော့စားရန်အတွက်ရည်ရွယ်၍ကျင်းပသော သီတင်းပတ်တစ်ခုဖြစ်ပါသည်။ ဆားစားသုံးမှုများခြင်းကြောင့် နှလုံးရပ်တန့်မှုနှင့် လေဖြတ်ခြင်းများသည် နှစ်စဉ်သေဆုံးမှု (၁၇.၉) သန်းနှင့် ဆက်နွယ်လျက်ရှိပြီး ကမ္ဘာအနှံ့သေဆုံးမှုနှင့် မသန်စွမ်းမှုများ၏ အကြီးမားဆုံးအကြောင်းအရင်းများဖြစ်ပါသည်။ ဆားလျော့စားခြင်းသည် ကျန်းမာရေးတိုးတက်မှု၏ အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများထဲမှ တစ်ခုဖြစ်ပါသည်။
 
နိုင်ငံတိုင်းတွင်စားသုံးနေသော အစားအစာများထဲတွင် ဆားသည် (၈၀)% ခန့်ပါဝင်ပြီး ကမ္ဘာပေါ်တွင် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်ပါသည်။ မရှိမဖြစ်လိုအပ်သောအရသာကို အလွန်အကျွံစားသုံးပါက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ အကြံပြုထားသောဆားပမာဏကိုစားသုံးခြင်းဖြင့် ကျန်းမာရေးကိုစောင့် ရှောက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့်လူကြီးများတွင် နေ့စဉ် (၅) ဂရမ်ထက်ပိုမစားသင့်ကြောင်းနှင့် ကလေးများတွင် တစ်နေ့လျှင် (၂) ဂရမ် ထက်ပိုမစားသင့်ကြောင်း WHO ကအကြံပြုထားပါသည်။ သို့သော် နေရာဒေသအလိုက် နေ့စဉ်ဆားစားသုံးမှုကို (၈) ဂရမ်၊ (၅) ဂရမ်နှင့် (၂) ဂရမ်အကြားတွင် စားသုံးသင့်ကြောင်း အကြံပြုထားပါသည်။ ဆားစားသုံးမှုကို လျှော့ချခြင်းဖြင့် မလိုလားအပ်သောကျန်းမာရေးပြဿနာများနှင့် လမစေ့သေဆုံးမှုများကို လျော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့်ဆားစားသုံးမှုကို လျှော့ချခြင်းဖြင့် ကျန်းမာပျော်ရွှင်သော ဘဝများကိုပိုင်ဆိုင်ပြီး ရောဂါဘယများကင်းဝေးသော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ Salt Awareness Week အား ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းမိသားစုများမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”