Uro Surgery

retouch

ဆီးနှင့်ကျောက်ကပ်ဆိုင်ရာခွဲစိတ်ကုသမှုများ(Uro Surgery)

ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OT ဌာနတွင် ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ရောဂါများနှင့်   ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်အတွင်း ကျောက်များကျောက်တည်ခြင်းများအား ခွဲစိတ်ကုသမှု ပြုလုပ်ပေးနေပါသည်။

ဗဟိုရ်စည်ဆေးရုံကြီး၏ OT ဌာနတွင် ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်ကုသနိုင်သောရောဂါများမှာ

  1. ကျောက်ကပ်အတွင်းမှ ကျောက်ကိုမခွဲမစိတ်၊ မှန်ပြောင်းမသုံး၊ မေ့ဆေးမပေးဘဲ ခေတ်မီစက် ဖြင့် ခန္ဓာကိုယ်ပြင်ပမှ လှိုင်းဖြင့် ကျောက်ခြေခြင်း (ESWL) (Extracorporeal Shock Wave Lithotripsy)၊ 
  2. ခေတ်မီ မှန်ပြောင်းဖြင့်ကျောက်ကပ်အတွင်းမှ ကျောက်ခြေခြင်း (PCNL) (Percutaneous Nephrolithotripsy)၊
  3. ခေတ်မီမှန်ပြောင်းဖြင့် ဆီးပြွန်အတွင်းမှ ကျောက်ခြေခြင်း (URS) (Ureteroscopic Lithotripsy)၊
  4. ခေတ်မီအပေါက်ဖောက်၍ ကျောက်ကပ်ခွဲထုတ်ခြင်း (Laparoscopic Nephrectomy)၊
  5. ကျောက်ကပ်ကင်ဆာကိုခွဲစိတ်ကုခြင်း (Partial Nephrectomy (or) Nephrectomy)၊
  6. ဆီးအိမ်ကင်ဆာကို မှန်ပြောင်းဖြင့် ခြစ်၍ကုသခြင်း (TURBt ) (Trans Urethral Resection of Bladder Tomour)၊
  7. ဆီးကျိတ်ကြီးသည်ကိုမှန်ပြောင်းဖြင့်ခြစ်ခြင်း (TURP) (Trans Urethral Resection of Prostate)၊
  8. ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းရှိကျောက်များကို ခွဲစိတ်ကုသခြင်း (eg-Extended Pyelolithotomy, Nephrolithotomy, – Ureterolithotomy )၊
  9. ဆီးလမ်းကြောင်းကျဉ်းသည်ကို မှန်ပြောင်းဖြင့်ပြုပြင်ပေးခြင်း၊ ခွဲစိတ်ကုသပေးခြင်း (eg – Ureteroplasty Cystoscopy and Internal Urethrotomy)၊
  10. ဆီလမ်းကြောင်းလွှဲ၍ကုသပေးခြင်း (Ileal Conduit)၊
  11. မွေးရာပါ ဆီးလမ်းကြောင်းချို့ယွင်းသည်ကိုပြုပြင်ခြင်း (Hypospadius Repair)၊
  12. ကျောက်ကပ်အတွင်းမှရေအိတ်ကို Ultrasound ဖြင့်ကြည့်၍စုပ်ထုတ်ပေးခြင်း (-Ultrasound guided Renal cyst Aspiration, – Renal Cyst Excision) စသည့်ခွဲစိတ်ပေးခြင်း များကိုခေတ်မီစက်ကိရိများအသုံးပြုကာ ကျွမ်းကျင်သောအထူးကုခွဲစိတ် ဆရာဝန်ကြီးများက အကောင်းဆုံးဆောင်ရွက်ပေးနေပါသည်။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”