🌏World AIDS Day🌏

၁၉၈၈ ခုနှစ်မှစ၍ နှစ်စဉ် ဒီဇင်ဘာလ (၁) ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းတွင် HIV ကူးစက်ရောဂါကို အဆုံးသတ်ရန် အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်သောနေ့တစ်နေ့ဖြစ်ပါသည်။ ထိုနေ့သည် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး နေ့ရက်များထဲမှ တစ်ရက်ဖြစ်ပြီး ယခု ၂၀၂၃ နှစ်၏ ဆောင်ပုဒ်မှာ “Let Communities Lead” ဖြစ်ပါသည်။ ကမ္ဘာတစ်ဝှမ်းတွင် HIV, AIDSနှင့်ပတ်သက်ပြီး အသိပေးမှုတိုးမြှင့်စေရန်၊ ကူးစက်ရောဂါရင်ဆိုင်နေရသူများအား ကုသမှုနှင့် ပြုစုစောင့်ရှောက်မှုတို့တွင် အားပေးအားမြှောက်ပြုရန်ရည်ရွယ်၍ကျင်းပသော World AIDS Day အား ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”