🌏World Alzheimer’s Day🌏

World Alzheimer’s Day ကို နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ အယ်လ်ဇိုင်းမား အဖွဲ့အစည်း များသည် အယ်လ်ဇိုင်းမားရောဂါနှင့်ပတ်သက်ပြီး သတိပြုမိစေရန်၊ အသိပေးမှုတိုးမြှင့်စေရန်၊ အယ်လ်ဇိုင်းမားရောဂါ တိုက်ဖျက်ရေးနှင့် နည်းလမ်းအသစ်များကိုရှာဖွေရန် ရည်ရွယ်၍ကျင်းပပြုလုပ်သော World Alzheimer’s Day အား ဗဟိုရ်စည်ဆေးရုံကြီးဝန်းထမ်းများမိသားစုမှ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။🎉🎉🎉

၁၉၀၁ ခုနှစ်တွင် ဤရောဂါကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့သော ဂျာမန်စိတ်ရောဂါကု ဆရာဝန်တစ်ဦး၏အမည်ဖြစ်သော ”အဲလွိုက်အယ်လ်ဇိုင်းမား”ကို အစွဲပြုပြီး “အယ်လ်ဇိုင်းမား”ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါသည်။

အယ်လ်ဇိုင်းမားရောဂါသည် စိတ်ပိုင်းဆိုင်ရာရောဂါများထဲမှ တစ်ခုဖြစ်ပြီး မှတ်ဉာဏ်ကိုထိခိုက်ခြင်းကြောင့် နေ့စဉ် လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ၎င်းရောဂါသည် တဖြည်းဖြည်း အသက်အရွယ် ကြီးခြင်းကြောင့်သော်လည်းကောင်း၊ နာတာရှည် စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း၊ အခြားကျန်းမာရေးအခြေ အနေကြောင့်သော်လည်းကောင်း လူတိုင်းကိုထိခိုက်စေနိုင်ပါသည်။

ထို့ကြောင့် အယ်လ်ဇိုင်းမားကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်ကျင်းပသော World Alzheimer’s Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုမှ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”