World Alzheimer’s Day ကို နှစ်စဉ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ အယ်လ်ဇိုင်းမား အဖွဲ့အစည်း များသည် အယ်လ်ဇိုင်းမားရောဂါနှင့်ပတ်သက်ပြီး သတိပြုမိစေရန်၊ အသိပေးမှုတိုးမြှင့်စေရန်၊ Alzheimer နှင့် Dementia ရောဂါအမျိုးအစားများအကြောင်းအသိပညာနှင့် နားလည်မှုတိုးမြှင့်ပြီး ရောဂါရှာဖွေကုသရန်ရည် ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Know Dementia, Know Alzheimer’s.” ဖြစ်ပါသည်။ ထို့ကြောင့် အယ်လ်ဇိုင်းမားကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်ကျင်းပသော World Alzheimer’s Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။