နှစ်စဉ် အောက်တိုဘာ ၁၂ ရက်နေ့တွင်ကျင်းပသော World Arthritis Day သည် အဆစ်အမြစ်ရောင်ရောဂါ၏ အကျိုးသက်ရောက်မှုကို သိရှိစေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင်လူသန်းပေါင်းများစွာသည် အဆစ်အမြစ်ရောင်ရောဂါကိုခံစားနေကြရပြီး အမျိုးသမီးများသည် အမျိုးသားများထက် ပိုမိုအဖြစ်များကြောင်း WHO ကဖော်ပြထားပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Achieve Your Dreams” ဖြစ်ပါသည်။ ယနေ့ခေတ်သည် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကုသမှု ရွေးချယ်စရာများပြားလာသည်နှင့်အမျှ အကောင်းဆုံးရွေးချယ်မှုနှင့်အတူ ပိုမိုကောင်းမွန်သောရလဒ်များ ရရှိနိုင်ရန်အရေးကြီးပါသည်။ ထို့ကြောင့် အဆစ်အမြစ်အရိုးအကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါဝေဒနာခံစားနေရသူများအနေဖြင့် ရောဂါကြောင့် မိမိတို့၏ အိမ်မက်များနှင့် ကိုယ်ပိုင်ရည်မှန်းချက်များကို လက်မလျှော့ဘဲ ဆက်လက်လျှောက်လှမ်းနိုင်ရန်အတွက် ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပသော World Arthritis Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Bahosi Hospital Viber
- Bahosi Hospital Facebook
- Bahosi Hospital TikTok
- Bahosi Hospital YouTube
- Email: bahosihospital@gmail.com
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010, 0
- အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
