⛳️World Birth Defects Day
 
မတ်လ (၃)ရက်နေ့တွင် World Birth Defects Day အား နှစ်စဉ်ပုံမှန်ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းပေါင်း (၁၂၀) ကျော်သည် မွေးရာပါချို့ယွင်းချက်ဖြင့် မွေးဖွားလာသည့် ကလေးများလျော့နည်းစေရေးအတွက် မွေးရာပါချို့ယွင်းချက်များ၏ အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ အသိပေးမှုတိုးမြှင့်စေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
 
မွေးရာပါချို့ယွင်းချက်များကို တားဆီးနိုင်ရန်အတွက် 🤰ကိုယ်ဝန်ဆောင်များအနေဖြင့် သက်ဆိုင်ရာဆရာဝန်ကြီးများ၏ ညွှန်ကြားချက်ဖြင့် 💉ကာကွယ်ဆေးထိုးခြင်း၊ 🩺ကျန်းမာရေးစစ်ဆေးခြင်း၊ 🍲ဖြည့်စွက်စာများကိုစားသုံးခြင်း 💊ဖောလစ်အက် ဆစ် သို့မဟုတ် အိုင်အိုဒင်းကို လုံလောက်စွာစားသုံးခြင်း၊ 🥗ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံအမျိုးမျိုး၊ ကျန်းမာသော အစားအစာများစားသုံးခြင်း၊ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် လိုအပ်ပါသည်။
ထို့ကြောင့် မွေးရာပါချို့ယွင်းချက်ကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ကျင်းပသော World Birth Defects Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။🎉🎉🎉
 
🤰🤰ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးစစ်ဆေးလိုသော မိခင်လောင်းများအနေဖြင့် ကျွန်တော်တို့ ဗဟိုရ်စည် ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Pre-pregnancy Medical Check-Up ဖြင့် အကောင်းဆုံး စစ်ဆေးဆောင်ရွက်ပေး နေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”