🧑‍⚕️👩‍⚕️ World Family Doctor Day-2024

နှစ်စဉ် မေလ ၁၉ ရက်နေ့သည် ကမ္ဘာမိသားစုဆရာဝန်များနေ့ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “ Healthy Planet, Healthy People” ဖြစ်ပါသည်။ မိသားစုဆရာဝန်များ၏ လူနာများအပေါ် ကျန်းမာရေးစောင့်ရှောက်မှု ရလဒ်များ တိုးတက်ကောင်းမွန်စေရန်နှင့် ပြောင်းလဲလာသော ရာသီဥတုများနှင့်ဆက်စပ်ပြီး ကျန်းမာရေး အန္တရာယ်များလျော့နည်းစေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာအနှံ့ပိုကောင်းသော ကျန်းမာရေးအသိုင်းအဝိုင်းများဖန်တီးနိုင်ရန် ကြိုးပမ်းအားထုတ်နေသော မိသားစုဆရာဝန်များကို ဂုဏ်ပြု သောအားဖြင့် မေလ ၁၉ ရက်နေ့တွင် ကျရောက်သော World Family Doctor Day အား ဗဟိုရ်စည် ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

#wfdd2024

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”