🩺World Health Day – 2024🩺

🌏၂၀၂၄ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကျန်းမာရေးနေ့သည် WHO နှင့် အခြား ကျန်းမာ ရေးအဖွဲ့အစည်းများက နှစ်စဉ်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် သတိ ပေးသောနေ့တစ်နေ့ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် သန်းနှင့်ချီသောသူတို့သည် ရောဂါများနှင့် ဘေးအန္တာ ယ်ပဋိပက္ခများကြောင့် နာမကျန်းဖြစ်ခြင်း၊ အသက်ဆုံးရှုံးရခြင်း၊ မသန်မစွမ်းဖြစ်ရခြင်းများ၊ ငတ်မွတ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများ တိုးများလာသည်ဟု WHO ကဖော်ပြထားပါသည်။

🎯ယခုနှစ် World Health Day ၏ဆောင်ပုဒ်မှာ “My Health, My Right” ဖြစ်ပါသည်။ ကျန်းမာရေး စိန်ခေါ် ချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာ ရေး အသိပညာများနှင့် မှန်ကန်သောကျန်းမာရေးစောင့်ရှောက်မှုများအား သိရှိနိုင်ရန်တို့အတွက် ကျင်းပ သော နေ့တစ်နေ့ဖြစ်ပါသည်။

🥰🥰ထို့ကြောင့် ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသောဘဝများ ပိုင်ဆိုင်နိုင်စေရန်အတွက် ၂၀၂၄ ခုနှစ် ဧပြီလ (၇) ရက်နေ့တွင် ကျရောက်သော “World Health Day” အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည် ခင်ဗျာ။

👨‍👩‍👧‍👧ကျန်းမာပျော်ရွှင်သောမိသားစုဘဝကို ပိုင်ဆိုင်နိုင်စေရန် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ 🩺🩺Medical Check-Up ဌာနတွင် ကျန်းမာရေးစစ်ဆေးခြင်းဖြင့်တိကျသောအဖြေများရရှိစေရန် အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”