🫀 World Heart Day (ကမ္ဘာ့နှလုံးကျန်းမာရေးနေ့) 🫀
စက်တင်ဘာလ (၂၉) ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် အစဉ်အလာမပျက် ကျင်းပပြုလုပ်သည့် “World Heart Day” ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Don’t Miss a Beat” ဖြစ်ပါသည်။ ကမ္ဘာ့နှလုံးအဖွဲ့ချုပ် (World Heart Federation) နှင့် WHO တို့၏ နောက်ဆုံး ထုတ်ပြန်ချက်များအရ ကမ္ဘာပေါ်တွင် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ (Cardiovascular Diseases) ကြောင့် နှစ်စဉ် လူပေါင်း သန်း(၂၀)နီးပါးသည် နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကြောင့် 6သဆုံးနေရသဖြင့် ဤရောဂါများ ဖြစ်ပွားမှုကို လျှော့ချနိုင်ရေး၊ ကျန်းမာရေး အသိပညာ တိုးမြှင့်လာစေရေးနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရေးတို့သည် အလွန်ပင် အရေးကြီးပါသည်။
မိမိ၏ နှလုံးကျန်းမာရေးနှင့် သတိထားရမည့် လက္ခဏာများကို မပေါ့ဆဘဲ စောစီးစွာ စစ်ဆေးကုသမှု ခံယူခြင်းဖြင့် ကျန်းမာသန်စွမ်းသော နှလုံးသားကို ပိုင်ဆိုင်နိုင်ကြပါစေရန် ရည်ရွယ်၍ ကျင်းပသော World Heart Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။ 🎉🎉🎉
#BahosiHospital #ဗဟိုရ်စည်ဆေးရုံကြီး #worldheartday #ကျန်းမာရေးအသိပညာပေးဗဟုသုတများ
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Bahosi Hospital Viber
- Bahosi Hospital Facebook
- Bahosi Hospital TikTok
- Bahosi Hospital YouTube
- Email: bahosihospital@gmail.com
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010, 0
- အမှတ် (၁-၆)၊ (၃၁-၃၆)၊ (၃၇-၃၈)၊ ဗဟိုရ်စည်အိမ်ရာ၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း ထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
