🫀World Heart Day🫀

🌏World Heart Day သည် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး နှစ်စဉ်ပုံမှန် ကျင်းပပြုလုပ်လေ့ ရှိသော ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးနေ့တစ်နေ့ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း (၁၇) သန်းကျော်သည် နှလုံးရောဂါဖြင့်သေဆုံးနေရသောကြောင့် ယင်းကိုတိုက်ဖျက်ရန်၊ နှလုံးရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပေးမှု တိုးမြှင့်ရန်၊ ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သော World Heart Day အား ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။🎉🎉🎉

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”