🫀World Heart Day-2024🫀

🌏World Heart Day သည် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ကမ္ဘာတစ်ဝန်းလုံး နှစ်စဉ်ပုံမှန် ကျင်းပပြုလုပ်လေ့ ရှိသော ကမ္ဘာလုံးဆိုင်ရာနှလုံးကျန်းမာရေးနေ့တစ်နေ့ဖြစ်ပါသည်။ WHO ၏ဖော်ပြချက်အရကမ္ဘာပေါ်တွင် နှစ်စဉ် လူပေါင်း (၁၇.၉) သန်းခန့်သည် နှလုံးကျန်းမာရေးနှင့်ပတ်သက်သော ရောဂါများဖြင့် သေဆုံးနေရကြောင်း ဖော်ပြ ထားပါသည်။ စီးကရက်အသောက်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်း၊ အရက်အလွန်အကျွံသောက် ခြင်းနှင့် ကျန်းမာရေးနှင့်မညီညွတ်သောအစားသောက်များစားသုံးခြင်း စသည်တို့သည် အဓိကအားဖြင့် နှလုံးနှင့် ပတ်သက်သောရောဂါများကိုဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါသည်။ World Heart Federation မှ တည်ထောင်ကျင်းပသော World Heart Day သည်နှလုံးကျန်းမာရေးနှင့် ပတ်သက်သောရောဂါ များအကြောင်း အသိပညာပေးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Use Heart for Action” ဖြစ်ပါသည်။ ထို့ကြောင့် နှလုံးရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးအသိပေးမှုတိုးမြှင့်ရန် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်ရည်ရွယ်၍ ကျင်းပပြလုပ်သော World Heart Day အား ဗဟိုရ်စည်ဆေးရုံ ကြီးကဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။ 🎉🎉🎉

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”