⛳World Hepatitis Day – July 28. 2026
🔹ကမ္ဘာ့အသည်းရောင်ရောဂါနေ့ကို နှစ်စဉ် ဇူလိုင်လ (၂၈) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်လေ့ရှိပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Hepatitis can’t wait” ဖြစ်ပါသည်။ အသည်းရောင်ဗိုင်းရပ်စ်ရောဂါသည် အသည်းကင်ဆာအပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပြီး အသည်းရောင်ရောဂါဖြင့် ဆက်နွယ်၍ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်း ၃၀၀ ကျော်ကိုထိခိုက်စေပြီး နှစ်စဉ် လူပေါင်း ၁ သန်းကျော် သေဆုံးစေ သည်ဟု CDC ကဖော်ပြထားပါသည်။ ထို့ကြောင့် အသည်းရောင်အသားဝါ ရောဂါကင်းစင်စေရန် ရည်ရွယ်၍ ကျင်းပသော World Hepatitis Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
🔹အသည်းရောင်ရောဂါဗိုင်းရပ်စ်၏ အဓိကဗိုင်းရပ်စ် (၅) မျိုးမှာ A, B, C, D နှင့် E တို့ဖြစ်၍ အသည်းရောင်ရောဂါ B (HBV) နှင့် C (HCV) တို့သည်အဖြစ်များဆုံးဖြစ်ပြီး မိမိတွင် အသည်းရောင်အသားဝါရောဂါ ဘီပိုး၊ စီပိုး ရှိမှန်းမသိခြင်း၊ သိသော်လည်း စနစ်တကျ အချိန်မီကုသမှု မခံယူခြင်းနှင့် ဘီပိုးကာကွယ်ဆေး စနစ်တကျ မထိုးထားခြင်းတို့ကြောင့် နာတာရှည်အသည်းရောင်ခြင်းကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ကို ဆက်လက်ဖြစ်ပေါ် စေနိုင်ပြီး အသက်အန္တရာယ်ရှိသည်အထိဖြစ်လာနိုင်ပါသည်။
🔹ထို့ကြောင့် အသည်းရောင်ရောဂါ ဘီပိုး၊ စီပိုး (ရှိ/မရှိ) အမြန်ဆုံးစစ်ဆေး၍ ဘီပိုးအတွက် ကာကွယ်ဆေး ထိုးခြင်း၊ အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းတို့ဖြင့် လိုအပ်ပါက ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်ခင်ဗျာ။
👉👉“အသည်းရောင် (B) ပိုးကာကွယ်ဆေးထိုးခြင်းအတွက် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ OPD ဌာနနှင့် Emergency ဌာနတို့တွင် အသက်အရွယ်အလိုက် ဘီပိုး (HBV) Vaccine ကာကွယ်ဆေးထိုးခြင်းကို ဆောင်ရွက် ပေးနေပါသည်။”

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”