World Kidney Day

ယနေ့ မတ်လ (၁၄) ရက်နေ့တွင်ကျရောက်သော World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့) သည် ကျောက်ကပ်၏ အရေးပါမှုကိုသိရှိစေရန်အတွက် ကျောက်ကပ်နှင့်ပတ်သက်ပြီး ကျန်းမာရေးပြဿနာများကို မည်သို့ကာကွယ်သင့်ကြောင်း၊ ကျောက်ကပ်ရောဂါဖြင့် အသက်ရှင်နေထိုင်သူများအား မည်သို့စားသောက်နေထိုင်သင့်ကြောင်းကို သိရှိစေရန်နှင့် ကျောက်ကပ်ရောဂါခံစားရလျှင် လူတစ်ဦး၏ဘဝကို မည်သို့ထိခိုက်နိုင်ကြောင်းတို့ကို အသိပေးမှု တိုးမြှင့်စေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

🔷World Kidney Day ကို (၂၀၀၆)ခုနှစ်တွင် International Society of Nephrology (ISN)နှင့် International Federation of Kidney Foundation (IFKF) တို့ကစတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ (၂၀၂၄)ခုနှစ် ကမ္ဘာ့ ကျောက်ကပ်နေ့၏ ဆောင်ပုဒ်မှာ “Kidney Health for All: Advancing Equitable Access to Care and Optimal Medication Practice” ဖြစ်ပါသည်။ ထိုကြောင့် ကျောက်ကပ်နှင့်ပတ်သက်၍ ကျန်းမာရေး ဗဟုသုတရရှိစေပြီး ကျောက်ကပ်ရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ ကျင်းပသော World Kidney Day အား ပါဝင်လှုံ့ဆော်သောအားဖြင့် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။

🔷ISN နှင့် IFKF တို့၏ဖော်ပြချက်အရ ကမ္ဘာပေါ်တွင်နာတာရှည်ရောဂါဖြစ်သည့် ကျောက်ကပ်နှင့်ပတ်သက်ပြီး လူသန်းပေါင်း ၈၅၀ ကျော်တွင် သက်ရောက်မှုရှိနေပြီး ၂၀၁၉ ခုနှစ်တွင် သေဆုံးသူ ၃.၁ သန်းကျော်ထိ ရှိသည်ဟုဆို ထားပါသည်။ လက်ရှိတွင်ကျောက်ကပ်ရောဂါသည် ၈ ခုမြောက် သေဆုံးရသည့် အဓိကအကြောင်းအရင်းအဖြစ်ရပ်တည်နေပြီး ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက ၂၀၄၀ ခုနှစ်တွင် အသက်ဆုံးရှုံးရခြင်း၏ ၅ ခုမြောက် အကြောင်းအရင်း ဖြစ်လာမည်ဟုခန့်မှန်းထားပါသည်။

🎯ကျောက်ကပ်ကျန်းမာရေးကိုထိန်းသိမ်းခြင်း

ကျောက်ကပ်ရောဂါနှင့် ကျောက်ကပ်အန္တရာယ်ကို လျော့နည်းစေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစား အသောက်များကို စားသောက်ခြင်း၊ ကိုယ်အလေးချိန်များကို ထိန်းချုပ်ခြင်း၊ ဆေးလိပ်နှင့်အရက် အလွန်အကျွံ သောက်သုံးခြင်းကိုရှောင်ကြဉ်ခြင်း၊ သွေးပေါင်ချိန်နှင် သွေးတွင်းသကြားဓာတ်ပမာဏကိုထိန်းညှိခြင်းနှင့် ရေဓါတ်ပြည့်ဝနေခြင်းတို့သည် ကျောက်ကပ်ရောဂါကို ကာကွယ်ရန် ရိုးရှင်းသောနည်းလမ်းများဖြစ်ကြောင်းကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုထားပါသည်။ ထို့အပြင် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ ကဲ့သို့သော အခြားနာတာရှည်ရောဂါရှိသူများ၊ မိသားစုရာဇဝင်ရှိသူများ၊ အခြားဆေးဝါးများသောက်သုံးနေရသူများသည် နာတာရှည် ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေများသောကြောင့် ဆရာဝန်နှင့်ဆွေးနွေတိုင်ပင်ကုသပြီး ပုံမှန်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရန် လိုအပ်ကြောင်းအကြံပြုဖော်ပြထားပါသည်ခင်ဗျာ။

👉👉ထို့ကြောင့် ကျောက်ကပ်နှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးရှိ Medical Check-up ဌာနတွင် Healthy Kidney Medical Check-Up Package အပြင် အခြားမိမိစစ်ဆေးလိုသော ကျန်းမာရေး Check-up များဖြင့်စစ်ဆေးနိုင်ပါသည်ခင်ဗျာ။

👉Reference By: International Society of Nephrology (ISN) & International Federation of Kidney Foundation (IFKF) 2024 campaign – World Kidney Day 2024

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”