🌎World Kidney Day🌎
ယနေ့ မတ်လ (၉) ရက်နေ့တွင်ကျရောက်သော World Kidney Day (ကမ္ဘာ့ကျောက်ကပ်နေ့) သည် ကျောက်ကပ် ၏အရေးပါမှု၊ ကျောက်ကပ်ကျန်းမာရေးနှင့်ပတ်သက်ပြီး အကျိုးသက်ရောက်မှုအခြေအနေတို့တွင် လူတစ်ဦး၏ဘဝကို မည်သို့ထိခိုက်နိုင်ကြောင်း အသိပေးမှုတိုးမြှင်စေရန်ရည်ရွယ်ချက်ဖြင့် (၂၀၀၆)ခုနှစ်တွင် International Society of Nephrology (ISN)နှင့် International Federation of Kidney Foundation (IFKF) တို့ကစတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ (၂၀၂၃)ခုနှစ် ကမ္ဘာ့ကျောက်ကပ်နေ့၏ ဆောင်ပုဒ်မှာ “Kidney Health for All – Preparing for the unexpected, supporting the vulnerable!” ဖြစ်ပါသည်။ ထိုကြောင့် ကျောက်ကပ်နှင့်ပတ်သက်၍ ကျန်းမာရေးဗဟုသုတရရှိစေပြီး ကျောက်ကပ်ရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းမိသားစုများမှ World Kidney Day အားကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။💐💐💐
 
✅ကျောက်ကပ်ကျန်းမာရေးကိုထိန်းသိမ်းခြင်း
ကမ္ဘာပေါ်တွင်ကျောက်ကပ်နှင့်ပတ်သက်ပြီး လူ(၁၀)ဦးတွင် (၁)ဦးနှုန်းသည် ရောဂါဝေဒနာများကို ခံစားနေရပါသည်။ ကျောက်ကပ်ရောဂါနှင့် ကျောက်ကပ်အန္တရာယ်ကို လျော့နည်းစေရန်အတွက် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ၊ ကိုယ်အလေးချိန်များကို ထိန်းချုပ်ခြင်းတို့သည် ကျောက်ကပ်ရောဂါကို ကာကွယ်ရန် ရိုးရှင်းသောနည်းလမ်းများဖြစ်ကြောင်းကို ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက အကြံပြုထားပါသည်။ အကယ်၍ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါကဲ့သို့သော အခြားနာတာရှည်ရောဂါရှိသူများ၊ မိသားစုရာဇဝင်ရှိသူများ၊ အခြားဆေးဝါးများသောက်သုံးနေရသူများသည် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေများသောကြောင့် ဆရာဝန်နှင့် ဆွေးနွေတိုင်ပင်ကုသရန် လိုအပ်ပါသည်။
 
🩺🩺ထို့ကြောင့် ကျောက်ကပ်နှင့်ပတ်သက်ပြီး ကျန်းမာရေးစစ်ဆေးလိုပါက ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးရှိ Medical Check-up ဌာနတွင် Healthy Kidney Medical Check-Up Package ဖြင့်စစ်ဆေးနိုင်ပါကြောင်းအသိပေးအပ်ပါသည် ခင်ဗျာ။
#Bahosihospital #Healthy #Kidney #Checkup #Package
#Bahosihospital#Hemodialysis#Centre

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”