🔬World Laboratory Day (April-23)🔬

World Laboratory Day သည် အဘက်ဘက်တွင်လူသားများ၏ ဘဝတိုးတက်ရေးအတွက် 🔬သိပ္ပံဆိုင်ရာ သုတေသနဖွံ့ ဖြိုးတိုးတက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စက်မှုထုတ်လုပ်မှုများအပါအဝင် နယ်ပယ်များစွာမှ ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲကျွမ်းကျင်သူများ၏ အရေးပါမှုကိုအသိအမှတ်ပြုရန်အတွက် ဧပြီ ၂၃ ရက်နေ့တွင် နှစ်စဉ်ပုံမှန်ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များမရှိပါက ဆေးဘက်ဆိုင်ရာ၊ သိပ္ပံပညာနှင့် နည်းပညာတိုးတက်မှုများ ရှိလာနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်တော်တို့ဗဟိုရ်စည်ဆေးရုံကြီးအနေဖြင့် ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများဖြင့် လူသားများ၏ရောဂါအခြေအနေများကို ကြိုတင်ကာကွယ် ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် အကောင်းဆုံးစစ်ဆေးဆောင်ရွက်ပေးနေသော ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များနှင့် တစ်ကမ္ဘာလုံးတွင်ရှိသော ဓာတ်ခွဲခန်းများကို ဂုဏ်ပြုသောအားဖြင့် ဧပြီ ၂၃ ရက်နေ့တွင် ကျရောက်သော World Laboratory Day အားဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”