🔬World Laboratory Day🔬

ဧပြီ (၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်သော World Laboratory Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။🥰 🥰 🥰 

🔬🧪🧬ဗဟိုရ်စည်ဆေးရုံကြီးနှင့်တကွ ကမ္ဘာ့နိုင်ငံဒေသနယ်ပယ်အသီးသီးတွင်လူသားများ၏ ဘဝတိုးတက်ရေးအ တွက် သိပ္ပံဆိုင်ရာသုတေသနဖွံ့ဖြိုးတိုးတက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စက်မှုထုတ်လုပ်မှုများအပါအဝင် နယ်ပယ်များစွာမှ ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲကျွမ်းကျင်သူများ၏ အရေးပါမှုကို ကျေးဇူးတင် လေးစားဂုဏ်ပြုသော အားဖြင့် ဗဟိုရ်စည်ဆေးရုံကြီးတွင် World Laboratory Day ကျင်းပပြုလုပ်ပေးနေသည့် ဝမ်းမြောက်ဖွယ် မြင်ကွင်း များအား ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

🔬🧪🧬ဓာတ်ခွဲခန်းများနှင့် ဓာတ်ခွဲကျွမ်းကျင်ပညာရှင်များမရှိပါက ဆေးဘက်ဆိုင်ရာ၊ သိပ္ပံပညာနှင့် နည်းပညာ တိုးတက်မှုများရှိလာနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ” World Laboratory Day” အထိမ်းအမှတ်အဖြစ် ဗဟိုရ်စည်ဆေးရုံ ကြီး၏ Laboratory Department တွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော ထူးချွန်ဝန်ထမ်းများနှင့် American Society of Clinical Pathology Certificate ရရှိအောင်မြင်ထားသော Medical Technologist များကို ဆုများချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုလိုက်ရပါသည်။

🎉🎉ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် “ World Laboratory Day” အားဂုဏ်ပြုသောအားဖြင့် တက် ရောက်ချီးမြှင့်ကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ Pathologist, MD, Executive Director, HR Director, Clinical Director များနှင့်တကွ ဌာနအကြီးအကဲများ၊ ဝန်းထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

📌World Laboratory Day ဂုဏ်ပြုပွဲအတွက် Sponsor ပေးသည့် Grand Medi Core Co.,Ltd, OKKAR THIRI Co.,Ltd, Moe Thitsar Myay Co.,Ltd, Amd Trading Co.,Ltd, Sea Lion Co.,Ltd, Nang Shwe Yin & Group Co.,Ltd, Nazco Trading Co.,Ltd မှတာဝန်ရှိသူများအား ဗဟိုရ်စည်ဆေးရုံကြီးက အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”