🌏World Leprosy Day (WLD) (ကမ္ဘာ့အနာကြီးရောဂါနေ့) 28.1.2024

ကမ္ဘာအနာကြီးရောဂါနေ့ကို နှစ်စဉ် January လ၏နောက်ဆုံးအပတ် တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Beat Leprosy” ဖြစ်ပါသည်။ ထိုနေ့သည် Hansen’s disease ဟုခေါ်သော အနာကြီးရောဂါနှင့်ပတ်သက်ပြီး ပညာပေးရုံသာမက ရောဂါဝေဒနာခံစားနေရသူတို့အား ကဲ့ရဲ့ရှုတ်ချခြင်းမှဖယ်ရှားပြီးအလေးပေးဂရုစိုက်စေရန်နှင့် အနာကြီးရောဂါနှင့်ပတ်သက်ပြီး အသိပေးမှုပျံ့နှံ့စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် အနာကြီးရောဂါကင်းစင်စေရန် ရည်ရွယ်၍ကျင်းပပြုလုပ်သော World Leprosy Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”