⛳️World Liver Day-2026ဧပြီလ ၁၉ ရက်နေ့တွင် ကျင်းပသော World Liver Day သည် အသည်းကျန်းမာရေး၏အရေးပါမှု၊ အသည်းနှင့်ဆက်စပ်သောရောဂါများအကြောင်းကို စောစီးစွာသိရှိပြီး ကာကွယ်မှု အစီအစဉ်များနှင့်ပတ်သက်၍ လူတိုင်းကို အသိပေးမှုတိုးမြှင့်စေရန် ရည်ရွယ်ချက်ဖြင့်ကျင်းပသော နေ့တစ်နေ့ဖြစ်ပါ သည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Solid Habits, Strong Liver” ဖြစ်ပါသည်။ အသည်းရောဂါကင်းစင်ပြီး အသည်းကျန်းမာသန်စွမ်းနိုင်အောင် အဟာရမျှတစွာစားသုံးခြင်း၊ တက်ကြွစွာနေထိုင်ခြင်း၊ အရက်သောက်သုံးမှုကိုလျော့ချခြင်းနှင့် အသည်းပုံမှန် ကျန်းမာရေးစစ်ဆေးမှုခံယူခြင်းတို့သည် အသည်းရောဂါကာကွယ်ရန်အတွက် အကောင်းဆုံးအလေ့အကျင့်များဖြစ်ပါသည်။ ထို့ကြောင့် အသည်းနှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများမဖြစ်စေရန် ရည်ရွယ်၍ကျင်းပသော World Liver Day အားဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။#Bahosihospital #WorldLiverDay #liverhealthcare #healthylifestyle
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”