World Malaria Day (April-25)
 
ဧပြီလ ၂၅ရက်နေ့တွင် နှစ်စဉ်ကျင်းပသော (World Malaria Day) သည် ငှက်ဖျားရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းသော နိုင်ငံတကာအထိမ်းအမှတ်ပွဲတစ်ခုဖြစ်ပါသည်။ နှစ်စဉ် လူတစ်သန်းခွဲခန့်သည် ငှက်ဖျား ရောဂါကြောင့် သေဆုံးကာ အများစုမှာ ကလေးများဖြစ်ကြသည်ဟု (WHO)ကဆိုထားပါသည်။ (World Malaria Day)၏ ရည်ရွယ်ချက်မှာ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ အသိပေးမှု တိုးမြှင့်စေရန်၊ ရောဂါကို မည်သို့ကာ ကွယ်နိုင် ကြောင်းသိရှိစေရန်၊ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းမျာက ငှက်ဖျားရောဂါကာကွယ်ရေးစီမံချက်များ၊ ကုသမှုများ နှင့်ပတ်သက်၍ အသိပေးမှု တိုးမြှင့်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးအနေဖြင့် ငှက်ဖျားရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန် ရည်ရွယ်၍ ဧပြီ ၂၅ရက်နေ့တွင် ကျရောက်သော (World Malaria Day) ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြု လိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”