⛳World Mental Health Day-2026 📌
ကမ္ဘာ့စိတ်ကျန်းမာရေးနေ့သည် နှစ်စဉ်အောက်တိုဘာလ (၁၀) ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ စိတ်ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အသိပညာပေးမြှင့်တင်ရန်နှင့် စိတ်ကျန်းမာရေးကဏ္ဍကို အထောက်အပံ့ဖြစ်စေမည့် ကြိုးပမ်းအားထုတ်မှုများကို စုစည်းလှုံ့ဆော်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Lived Experiences Heard: Real Voices, Real Change”.ဖြစ်ပါသည်။ စိတ်ကျန်းမာရေးသည် ခန္ဓာကိုယ်ကျန်းမာရေးကဲ့သို့ပင် အရေးကြီးသောကြောင့် ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် လိုအပ်သောအခြေအနေများကို ဝိုင်းဝန်ကူညီစောင့်ရှောက်ပေးကြ ပါစို့ဟုပြောကြားရင်း အောက်တိုဘာ (၁၀)ရက် နေ့ တွင်ကျရောက်သော World Mental Health Day အား ဗဟိုရ်စည်ဆေးရုံကြီးကဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”