🌏❌🚬World No Tobacco Day🌏
ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ မေလ (၃၁)ရက်နေ့တွင် ကျင်းပပြု လုပ်သော World No Tobacco Day အား ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
 
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် World No Tobacco Day အား မေ (၃၁)ရက်နေ့တွင် နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဆေးရွက်ကြီးနှင့်ဆေးလိပ်အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသော အန္တရာယ်များသည် ကျန်းမာရေးအပေါ်ဆိုးရွားစွာ အကျိုးသက်ရောက်ခြင်းနှင့်ပတ်သက်၍ အသိပေးမှုပျံ့နှံ့စေရန်၊ လယ်သမားများအနေဖြင့် ဆေးရွက်ကြီးအစား အဟာရရှိသော ကောက်ပဲသီးနှံ့များစိုက်ပျိုးစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော နေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “We need food, not tobacco” ဖြစ်ပါသည်။
 
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများက ဆေးရွက်ကြီးနှင့်ဆေးလိပ်သုံးစွဲမှုကြောင့် နှစ်စဉ်သေဆုံးမှု (၈) သန်းခန့် ရှိသည်ဟုဆိုထားပါသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲခြင်းက နှလုံးရပ်တန့်ခြင်း၊ လေဖြတ်ခြင်း၊ နာတာရှည် ရောဂါများဖြစ်သော အဆုတ်ရောဂါ၊ တီဘီရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး၊ စိတ်ကြွရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုးနှင့် အခြားမလိုလားအပ်သော ကျန်းမာရေးပြဿနာများကိုပါ ဖြစ်စေနိုင်သည်ဟုဆိုထားပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”