🌏❌🚬World No Tobacco Day-2024🌏

ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်ရည်ရွယ်၍ မေလ (၃၁) ရက်နေ့တွင် ကျင်းပပြုလုပ်သော World No Tobacco Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။🎉🎉

🌍ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် World No Tobacco Day အား မေ (၃၁) ရက်နေ့တွင် နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ယခု ၂၀၂၄ ခုနှစ်တွင် ဆေးရွက်ကြီးနှင့်ဆေးလိပ်အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များသည် ကျန်းမာရေးအပေါ်ဆိုးရွားစွာ အကျိုးသက်ရောက်ခြင်းနှင့်ပတ်သက်၍ အသိပေးမှုပျံ့နှံ့စေရန်နှင့် ကလေးငယ်များအနေ့ဖြင့် ဆေးရွက်ကြီးလုပ်ငန်းတွင် ပါဝင်ပတ်သက်မှုမရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Protecting children from tobacco industry interference” ဖြစ်ပါသည်။

🚬ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲခြင်းက နှလုံးရပ်တန့်ခြင်း၊ လေဖြတ်ခြင်း၊ နာတာရှည်ရောဂါများဖြစ်သော အဆုတ်ရောဂါ၊ တီဘီရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ပြီး၊ စိတ်ကြွရောဂါများ၊ ကင်ဆာရောဂါအမျိုးမျိုးနှင့် အခြားမလိုလားအပ်သော ကျန်းမာရေးပြဿနာများကိုပါဖြစ်စေနိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ဖော်ပြချက်အရ ဆေးရွက်ကြီးဆေးလိပ်သုံးစွဲမှုနှင့် အီး-စီးကရက် သုံးစွဲမှုများသည် တစ်ကမ္ဘာလုံးတွင် အသက် ၁၃ နှစ်မှ ၁၅နှစ်ကြား လူငယ် ၃၇ သန်းခန့်ရှိသည်ဟုဆိုထားပါသည်။ ဆေးလိပ်သောက်ခြင်းသည် ကင်ဆာအမျိုးအစား (၂၀) ထက်မနည်း ဆက်စပ်နေပြီး ဆေးရွက်ကြီးထုတ်ကုန်များကြောင့် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးမှုသည် ၂.၄ သန်းခန့်ရှိသည်ဟုဆိုထားပါသည်။ ထိုအထဲတွင် ကင်ဆာကြောင့် သေဆုံးမှုသည် ၁၀ သန်းခန့်ရှိ သည်ဟုဆိုထားပါသည်။

🚬ထို့ကြောင့် ဆေးလိပ်နှင် ဆေးရွက်ကြီးထုတ်ကုန်များသုံးစွဲခြင်းအား ရှောင်ကြဉ်ရန် တိုက်တွန်းနှိုးဆော်ရင်း မေလ (၃၁) ရက်နေ့တွင်ကျရောက်သော World No Tobacco Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

Reference By: WHO, UICC

#worldnotobaccoday #bahosi_hospital

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”