🌎World Obesity Day🌎
နှစ်စဉ် မတ်လ(၄)ရက်နေ့ကို ကမ္ဘာ့အဝလွန်ရောဂါနေ့အဖြစ်ကျင်းပခဲ့ပြီး အဝလွန်ခြင်းနှင့်ပတ်သက်၍ လူတစ်ဦး၏ကျန်းမာရေး အရေးပါမှုနှင့် အဝလွန်မှုကို လျှော့ချရန်၊ ကာကွယ်ကုသရန်တို့ကို ကမ္ဘာချီကြိုးပမ်းအားထုတ်မှု ရှိစေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ (၂၀၂၃)ခုနှစ် World Obesity Day ၏ဆောင်ပုဒ်မှာ “Changing Perspectives: Let’s Talk Obesity” ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ကိုယ်အလေးချိန်ပိုခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများနှင့် သေဆုံးမှုရှိခြင်းသည် ဆက်နွယ်လျက်ရှိသဖြင့်ကျန်းမာသောအစားအစာများကိုစားသုံး၍ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဖြင့် ကျန်းမာသော ဘဝပုံစံကိုရရှိနိုင်ပြီး အပြည့်အဝအကျိုးသက်ရောက်မှု ရရှိနိုင်မည်ဖြစ်ပါကြောင်းပြောကြားရင်း ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးဝန်းထမ်းများမိသားစုမှ World Obesity Day အားကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။💐💐💐
 
✅အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်ပိုခြင်း၏ အခြေခံအကြောင်းအရင်းမှာ သုံးစွဲသောကယ်လိုရီနှင့် ဆက်စပ်လျက်ရှိပါသည်။ အဆီနှင့် သကြားများကို မြင့်မားစွာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု အားနည်းလာခြင်းများကြောင့် ဖြစ်လာနိုင်ပါသည်။BMI (Body Mass Index) မြင့်တက်လာခြင်းသည် ရောဂါများအတွက် အဓိကအန္တရာယ်ဖြစ်စေသည့် အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။ WHO ၏သက်မှတ်ထားသော BMI (Body Mass Index) မှာ ၂၅နှင့် အထက်ကို ကိုယ်အလေးချိန်များနေပြီး၊ ၃၀ အထက်ဆိုရင် အဝလွန်သည်ဟု ဆိုထားပါသည်။ အဝလွန်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်း၊ ရိုးဆက်ရောင်ရမ်းနာရောဂါများ၊ ဆီးချိုရောဂါများ၊ ကင်ဆာရောဂါ စသည် ဆိုးရွားသောရောဂါများကို ဖြစ်ပွါးစေနိုင်ပါသည်။ ကိုယ်အလေးချိန်ပိုခြင်းနှင့် အဝလွန်ခြင်းများကြောင့် ဆက်နွယ်၍ဖြစ်ပေါ်လာသော ရောဂါများကိုကာကွယ်ပေးနိုင်ရန်အတွက်ပါသည်။ ကျန်းမာရေးကောင်းသော အစားအစာများနှင့် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ခြင်းသည် အခြေခံကျဆုံးနှင့် အလွယ်ကူဆုံးသော ကာကွယ်မှုများဖြစ်ပါသည်။ တစ်ဦးချင်းအနေဖြင့် အဆီ၊ သကြား စားသုံးမှုကို လျှော့ချခြင်း၊ သစ်သီးနှင့်အသီးအနှံ ဟင်းသီးဟင်းရွက်များစားသုံးမှုကို တိုးမြှင့်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကို တစ်နေ့လျှင် မိနစ် ၆၀ ခန့်ပြုလုပ်ခြင်းစသည်တို့ကို လုပ်သင့်ကြောင်း WHO ကအကြံပြုထားပြီး၊ ကျန်းမာသောဘဝပုံစံကိုရရှိနိုင်ရန် အပြည့်အဝအကျိုးသက်ရောက် မှုရှိနိုင်သည်ဟုဆိုထားပါသည်။
 
🩺🩺ထို့ကြောင့်ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် ကျန်းမာသောကိုယ်အလေးချိန်ကို သိရှိနိုင်ရန်အတွက် Healthy Weight Check-Up Package ကို ခေတ်မီစက်ကိရိယာများ၊ ကျွမ်းကျင်သော ဆရာဝန်ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေး နေပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”