⛳️World Obesity Day
 
နှစ်စဉ် မတ်လ(၄)ရက်နေ့ကို ကမ္ဘာ့အဝလွန်ရောဂါနေ့အဖြစ်ကျင်းပခဲ့ပြီး အဝလွန်ခြင်းနှင့်ပတ်သက်၍ လူတစ်ဦး၏ ကျန်းမာရေး အရေးပါမှုကိုသိရှိစေရန်နှင့် အဝလွန်မှုကိုလျှော့ချရန်၊ ကာကွယ်ကုသရန်တို့ကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကြိုးပမ်းအားထုတ်မှုရှိစေရေးရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းတွင် ကိုယ်အလေးချိန်ပိုခြင်းနှင့် အဝလွန်ခြင်းတို့ကြောင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ မဖြစ်ပေါ်စေရန်ရည်ရွယ်၍ကျင်းပသော World Obesity Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆို ဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
👉👉ကျန်းမာသောကိုယ်အလေးချိန်ကိုသိရှိပြီး အဝလွန်ခြင်းကိုကာကွယ်နိုင်ရန်အတွက် ဗဟိုရ်စည်ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Healthy Weight Check-Up Package ဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးကာ စစ်ဆေးဆောင်ရွက်ပေး နေပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”