🌎World Parkinson’s Day-2024🌎

World Parkinson’s Day သည်နှစ်စဉ် ဧပြီလ ၁၁ ရက်နေ့တွင် ပုံမှန်ကျင်းပပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ နေ့တစ်နေ့ ဖြစ်ပါသည်။ ပါကင်ဆန်ရောဂါသည် နာတာရှည်အာရုံကြောဆိုင်ရာရောဂါတစ်ခုဖြစ်ပြီး လူတစ်ဦးနှင့်တစ်ဦး ကွဲပြား ခြားနားနိုင်ပါသည်။ ပါကင်ဆန်ရောဂါကို ရှာဖွေတွေ့ရှိခဲ့သော ဂျိမ်းပါကင်ဆန်ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏မွေး နေ့တွင် နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Encouraging Better Living with Parkinson’s” ဖြစ်ပါသည်။ ပါကင်ဆန်ရောဂါသည် ကုသမှုအတွက်ပျောက်ကင်းနိုင်သောဆေးမရှိသော်လည်း ဆေးဝါးများ၊ ခွဲစိတ်ကုသမှုများ၊ ပြန်လည်ထူထောင်ရေးများနှင့် ကိုယ်လက်လှုပ်ရှားမှုများသည် ရောဂါလက္ခဏာများ ကို လျှော့ချနိုင်ပါသည်။ ပါကင်ဆန်ရောဂါရှိသူများနှင့်အတူ လူတိုင်းအတွက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ၏ မယုံကြည်နိုင်ဖွယ်အကျိုးကျေးဇူးများအကြောင်းကို ကမ္ဘာတစ်ဝန်းလုံး အသိပေးရန်နှင့် ဆေးဘက်ဆိုင်ရာ အခြေ အနေနှင့် ပတ်သက်၍ အသိပေးမှုတိုးမြှင့်စေရန်ရည်ရွယ်၍ကျင်းသော World Parkinson’s Day အား ဗဟိုရ်စည် ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”