စက်တင်ဘာလ ၁၇ ရက်နေ့တွင် နှစ်စဉ်ပုံမှန်ကျင်းပပြုလုပ်သော World Patient Safety Day သည် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ပြီး လူနာများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Improving diagnosis for patient safety” “Get it right, make it safe!”, ဖြစ်ပါသည်။ လူနာများ၏ကျန်းမာရေးအတွက် မှန်ကန်မှုရှိပြီး အချိန်မီရောဂါရှာဖွေကုသမှုရလာဒ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်သော World Patient Safety Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည် ခင်ဗျာ။