💊 World Pharmacists Day (ကမ္ဘာ့ဆေးဝါးကျွမ်းကျင်ပညာရှင်များနေ့) 💊

နှစ်စဉ် စက်တင်ဘာလ (၂၅) ရက်နေ့သည် တစ်ကမ္ဘာလုံးရှိ လူနာများ၏ ကျန်းမာရေးအတွက် ဆေးဝါးများနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးနေကြသည့် Pharmacists (ဆေးဝါးကျွမ်းကျင်ပညာရှင်များ) ကို ဂုဏ်ပြုသည့်နေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Empowering Pharmacists for Healthier Futures” ဖြစ်ပါသည်။

ဆေးဝါးကျွမ်းကျင်ပညာရှင်များသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ မှန်ကန်သည့် ဆေးဝါးညွှန်ကြားမှုနှင့် အကြံဉာဏ်များ ပေးနိုင်ရေးတို့အတွက် မရှိမဖြစ် လိုအပ်သော အဓိကဒေါက်တိုင်တစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ၏ ကျန်းမာရေးနှင့် ဆေးဝါးဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ဖြင့် အစဉ်တစိုက် အားထုတ်ကြိုးပမ်းပေးနေကြသော Pharmacist များအားလုံးကို ဂုဏ်ပြုသောအားဖြင့် September 25 တွင် ကျရောက်သည့် World Pharmacists Day အား ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။ 💐💐💐

#BahosiHospital #ဗဟိုရ်စည်ဆေးရုံကြီး #ကျန်းမာရေးအသိပညာပေးဗဟုသုတများ #worldpharmacistday💉💊

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”

Developed by Ideal Future