💊World Pharmacists Day-2024💊

⛳️September 25, 2024, ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာဆေးဝါးအဖွဲ့ချုပ် (FIP) မှကြီးမှုးကျင်းပသော “World Pharmacists Day” သည် နေရာတိုင်းတွင်ကျန်းမာသော လူမှုအသိုင်းအဝန်းများ တည်ဆောက်ရာတွင် ဆေးဝါးပညာရှင်များ၏အရေးပါမှုနှင့် တစ်ကမ္ဘာလုံးတွင် လူနာများ၏ ကျန်းမာရေးလိုအပ်ချက်များဖြစ်သည့် ဆေးဝါးများနှင့်ပတ်သက်၍ ကဏ္ဍအသီးသီးမှ ဝန်ဆောင်မှုပေးနေသည့် Pharmacists များအား အသိအမှတ် ပြုဂုဏ်ပြုသောအားဖြင့် ရည်ရွယ်ကျင်းပသော နေ့တစ်နေ့ဖြစ်ပါသည်။

✍️ယခုနှစ်၏ ဆောင်ပုဒ်မှာ “Pharmacists: Meeting global health needs” ဖြစ်ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စိန်ခေါ်မှုများကိုဖြေရှင်းရာတွင်ဆေးဝါးပညာရှင်များ၏အခန်းကဏ္ဍမှာ အဓိကပါဝင်နေသည်ဟုဆိုသည့်အတိုင်း ဗဟိုရ်စည်ဆေးရုံကြီး၏ Pharmacists များအနေဖြင့် လူနာစောင့်ရှောက်မှုလုပ်ငန်းများတွင် ပဋိဇီဝဆေးဝါးများနှင့်ပတ်သက်ပြီး ယခုထက်ပိုမိုကောင်းမွန် စိတ်ချသောဝန်ဆောင်မှုများဖြင့် ဆက်လက်ပြီး အကောင်းဆုံးဝန်ဆောင်မှုများပေးမည်ဖြစ်ပါကြောင်း ပြောကြားရင်း “World Pharmacists Day” အား ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။ 💐💐💐

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”