💊World Pharmacists Day💊

⛳️September 25, 2023, ရက်နေ့တွင်ကျရောက်သော “World Pharmacists Day” သည် တစ်ကမ္ဘာလုံးတွင် လူနာများ၏ ကျန်းမာရေးလိုအပ်ချက်များဖြစ်သည့် ဆေးဝါးများနှင့်ပတ်သက်၍ ကဏ္ဍအသီးသီးမှ ဝန်ဆောင်မှုပေးနေသည့် Pharmacists များအတွက် ရည်ရွယ်ကျင်းပသော နေ့တစ်နေ့ဖြစ်ပါသည်။

✍️ယခုနှစ်၏ ဆောင်ပုဒ် “Pharmacists strengthening health systems” ဆိုသည့်အတိုင်း ဗဟိုရ်စည်ဆေးရုံကြီး၏ Pharmacists များအနေဖြင့် မိမိတို့၏ အသိပညာတန်ဖိုးကို မြှင့်တင်ရင်း အနာဂတ်ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ယခုထက်ပိုမိုကောင်းမွန်စိတ်ချယုံကြည်နိုင်သော အကောင်းဆုံး ဝန်ဆောင်မှုများပေးမည်ဖြစ်ပါကြောင်း ပြောကြားရင်း “World Pharmacists Day” အားဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ပါသည်။ 💐💐💐

💊💊” World Pharmacists Day” အထိမ်းအမှတ်အဖြစ် ဗဟိုရ်စည်ဆေးရုံကြီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေသော Pharmacists များကိုလည်း ဆုတံဆိပ်များချီးမြှင့်ခြင်းဖြင့် ဂုဏ်ပြုလိုက်ရပါသည်။🎉🎉🎉

💐ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သော “World Pharmacists Day” အားဂုဏ်ပြုသောအားဖြင့်တက်ရောက်ကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ MD, Executive Directors များနှင့်တကွ သက်ဆိုင်ရာဌာနအလိုက် အကြီးအကဲများနှင့် ဝန်ထမ်းများကို အထူးကျေးဇူးတင်ရှိပါသည်။

💐World Pharmacist Day ဂုဏ်ပြုပွဲအတွက် Sponsor ပေးသည့် ဆေးကုမ္ပဏီများဖြစ်ကြသော Moe Thitsar Myay Co.,Ltd နှင့် Dexa Medica Co.,Ltd တို့အား ဗဟိုရ်စည်ဆေးရုံကြီးမှအထူးပင် ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”