🌏World Physiotherapy Day-2024🌏
💐 ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင်နှစ်စဉ်ကျင်းပပြုလုပ်သော World Physiotherapy Day သည် ကမ္ဘာပေါ်ရှိ အရိုးအကြောအဆစ်ပညာရှင်များ၏ အရေးပါမှုနှင့်စွမ်းဆောင်ရည်တို့အား ဂုဏ်ပြုသောအားဖြင့် ကျင်းပသောနေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ “Physiotherapy and Low back Pain.” ဖြစ်ပါသည်။ အရိုးအကြောအဆစ်နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးအတွက် လူနာများပုံမှန် ကျန်းမာသန်စွမ်း သော လူနေမှုဘဝများပြန်လည်ရရှိရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အရိုးအကြောအဆစ် ပြန်လည် သန်စွမ်းရေးပညာရှင်များ၏ ကြိုးစားအားထုတ်မှုနှင့် အရေးပါမှုတို့ကိုချီးကျူးဂုဏ်ပြုသောအားဖြင့် (၆. ၉. ၂၀၂၄) ဗဟိုရ်စည်ဆေးရုံကြီးတွင် World Physiotherapy Day အားကျင်းပပြုလုပ်ပေးနေသည့် ဝမ်းမြောက်ဖွယ် မြင်ကွင်းများကို ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။ 🎉🎉🎉
🎊🎉ဗဟိုရ်စည်ဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည့် “World Physiotherapy Day-2024 ” အား ဂုဏ်ပြုသောအားဖြင့် တက်ရောက်ချီးမြှင့်ကြသော ဗဟိုရ်စည်ဆေးရုံကြီး၏ Managing Director, HR Director, Clinical Director, Asst Chief Clinical Officer များနှင့်တကွ ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ပါဝင်ကူညီ ပေးသည့် ကုမ္ပဏီအားအမှတ်တရဆုချီးမြှင့်ပေးသော Managing Director ဒေါက်တာ ဦးစန်းထင်အောင် အား ကျေးဇူးအထူးတင် ရှိပါသည်ခင်ဗျာ။
🥰World Physiotherapy Day ဂုဏ်ပြုပွဲအတွက် ပါဝင်ကူညီပေးသည့် BTL Medical Technologies Ltd မှတာဝန်ရှိသူများအား ဗဟိုရ်စည်ဆေးရုံကြီးက အထူးပင်ကျေးဇူးတင်ရှိပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”
- Phone- 09441144886 (Officer Hour)
- Phone- 01-2300631(Hot Line), 2300502 to 2300514, Ext- 4505, 4001, 4002, 4010
- Email: bahosihospital@gmail.com
- Web Mail: bahosihospital@bahosihospital.com
- အမှတ် (၁-၆) ၊ (၃၁-၃၆) ၊ (၃၇-၃၈) ၊ ဗဟိုရ်စည်အိမ်ရာ၊ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့။