World Physiotherapy Day – 2024
၂၀၂၄ ခုနှစ် စက်တင်ဘာလ (၈) ရက်နေ့တွင်နှစ်စဉ်ကျင်းပပြုလုပ်သော World Physiotherapy Day သည် ကမ္ဘာပေါ်ရှိ အရိုးအကြောအဆစ်ပညာရှင်များ၏ အရေးပါမှုနှင့်စွမ်းဆောင်ရည်တို့အား ဂုဏ်ပြုသောအားဖြင့် ကျင်းပသောနေ့တစ်နေ့ဖြစ်ပါသည်။ ယခုနှစ်၏ဆောင်ပုဒ်မှာ ” Physiotherapy and Low Back Pain” ဖြစ်ပါသည်။ အရိုးအကြောအဆစ်နှင့် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေးအတွက် လူနာများပုံမှန် ကျန်းမာသန်စွမ်းသော လူနေမှုဘဝများပြန်လည်ရရှိရန် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အရိုးအကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များအား လေးစားစွာဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ ဗဟိုရ်စည်ဆေးရုံကြီးက “ World Physiotherapy Day” အားဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။
“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”