⛳️World Stroke Day -2026
 
နှစ်စဉ်အောက်တိုဘာလ ၂၉ ရက်နေ့ကို World Stroke Day နေ့အဖြစ် ပုံမှန်ကျင်းပပြုလုပ်ခြင်း ဖြစ်ပါ သည်။ World Stroke Day သည် လေဖြတ်ခြင်းဆိုင်ရာ အသိပညာပေးမှုနှင့် လေဖြတ်နိုင်ခြေများကို လျှော့ချရန်အတွက် ကမ္ဘာ့လေဖြတ်ရောဂါဆိုင်ရာအဖွဲ့အစည်း (WSO) အနေဖြင့် လေဖြတ်ရောဂါ လက္ခဏာများကို လျင်မြန်စွာ သတိပြုမိခြင်းနှင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အရေးပေါ်ကုသမှုခံယူ ခြင်းတို့၏ အလွန်အရေးပါပုံကိုသိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ “Every M1nute Counts – Know the signs of stroke. #ActFAST,” ဖြစ်ပါသည်။ လေဖြတ်ရောဂါ ကင်းစင်စေရန်နှင့် လေဖြတ်ရောဂါ လက္ခဏာများကို လျင်မြန်စွာသိရှိပြီး အရေးပေါ်ကုသမှုကို ချက်ချင်းခံယူရန် အလွန်အရေးကြီးကြောင်း သိရှိစေရန် ရည်ရွယ်၍ ကျင်းပသော World Stroke Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက် ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”