🚨World Trauma Day🚨
အောက်တိုဘာလ (၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ထိခိုက်ဒဏ်ရာရမှုဆိုင်ရာနေ့သည် မတော်တဆမှုများ၊ အကြမ်းဖက်မှုများ၊ အရေးပေါ်အခြေအနေများကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာများကို ကာကွယ်ရန်နှင့် လျှော့ချနိုင်ရန် ရည်ရွယ်၍ နှစ်စဉ်ကျင်းပခြင်း ဖြစ်ပါသည်။ ဤနေ့သည် အရေးပေါ်အခြေအနေများတွင် အသက်ကယ်တင်ခြင်း၏ အရေးပါမှုကို ဖော်ပြရုံမက ပြင်းထန်သော ထိခိုက်သေဆုံးမှုများကို မည်သို့ကာကွယ်ရမည်ကိုပါ အသိပညာပေးသည့် နေ့တစ်နေ့ဖြစ်ပါသည်။ လူများစွာ ထိခိုက်ဒဏ်ရာရပြီးနောက် မသန်စွမ်းမှုများ ဖြစ်ပေါ်ကာ စိတ်ပိုင်းဆိုင်ရာများကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့်ထိခိုက်ဒဏ်ရာများကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို လျော့နည်း စေရန်၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသော မတော်တဆမှုများနှင့် ထိခိုက်မှုများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်၍ကျင်းပသော “World Trauma Day” အား ကျွန်တော်တို့ ဗဟိုရ်စည် ဆေးရုံကြီးမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”