⛳️World Tuberculosis Day (March-24)


ကမ္ဘာ့တီဘီရောဂါနေ့သည် တီဘီရောဂါ၏ ဆိုးရွားသောကျန်းမာရေးပြဿနာများကြောင့် မလိုလားအပ်သော ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးအကျိုးဆက်များကို များစွာထိခိုက်စေနိုင်ပါသည်။ မတ်လ (၂၄)ရက်နေ့သည် ၁၈၈၂ ခုနှစ် တွင် တီဘီရောဂါကိုဖြစ်စေသော ဘက်တီးရီးယားပိုးကိုစတင်တွေ့ရှိခဲ့သောနေ့ဖြစ်ပါသည်။ (၂၀၂၄)ခုနှစ် ကမ္ဘာ့တီဘီ ရောဂါနေ့၏ ဆောင်ပုဒ်မှာ “Yes! We Can End TB” ဖြစ်ပါသည်။ တီဘီရောဂါသည် ကမ္ဘာ့အသေအပျောက်အများ ဆုံးရောဂါများထဲမှတစ်ခုဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီနှစ်များက ဆေးယဉ်ပါးတီဘီအတွက် စိုးရိမ်စရာတိုးလာခဲ့သည်ဟု WHO ဆိုထားပါသည်။ ကမ္ဘာချီကူးစက်ပျံ့နှံ့မှု ရောဂါကိုဖယ်ရှားရန် ကြိုးပမ်းမှုများနှင့်ပတ်သက်၍ လူထုအသိပေးမှုတိုးမြှင့်ပေးရန်၊ တီဘီရောဂါကိုလျှင်မြန်စွာရှာဖွေတွေ့ရှိပြီး ထိရောက်သောကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန်၊ ဆေးယဉ်ပါးတီဘီရောဂါမဖြစ်စေရန်နှင့် တီဘီကူးစက်ရောဂါကို အဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် မတ်လ (၂၄) ရက်နေ့တွင် နှစ်စဉ်ပုံမှန် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် တီဘီရောဂါကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်အတွက် မတ်လ (၂၄) ရက်နေ့တွင်ကျရောက်သော World Tuberculosis Day အား ပါဝင်လှုံ့ဆော်သောအားဖြင့် ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။💐💐💐

Reference By:  World Health Organization (WHO)

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”