🌊World Water Day

ကမ္ဘာ့ရေနေ့ကို နှစ်စဉ် မတ်လ (၂၂) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ နေ့တစ်နေ့အဖြစ် (၁၉၉၃) ခုနှစ်မှ စတင်ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ လူဦးရေတိုးပွားလာသည်နှင့်အမျှ ရရှိသောရေအရင်းအမြစ်များကို 🫗🫗🫗အလွဲသုံးစားမှုများ ဖြစ်ပေါ်လာသောကြောင့် ကမ္ဘာတစ်ဝန်းရှိအချို့နေရာများတွင် ရေရှားပါးမှုများနှင့် ရေရှားပါးခြင်းကြောင့် ဖြစ်ပေါ်လာ သော ကျန်းမာရေးပြဿနာများကိုကြုံတွေ့နေရပါသည်။

ရေသည် လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအထောက်အပံ့ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိသက်ရှိ အားလုံးအတွက် အကျိုးသက်ရောက်မှုရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိလူများအနေဖြင့် ရေနှင့်ဆက်နွယ်သောကိစ္စ များနှင့် ကျန်းမာရေးပြဿနာများအကြောင်း ပိုမိုသိရှိစေရန်၊ ရေညစ်ညမ်းမှုနှင့် ရေပြဿနာတိုင်းကို ကိုင်တွယ် ဖြေရှင်းရန်၊ ရေရှားပါးမှု၊ ရေထောက်ပံ့မှု မလုံလောက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများကို တားဆီးနိုင်ရန်နှင့် လူမှုအသိုင်းအဝန်းများနှင့် နိုင်ငံများကြားတွင် ရေသည်ငြိမ်းချမ်းရေးကိရိယာတစ်ခု ဖြစ်လာနိုင်စေ ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ (၂၀၂၄) ခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ “Water for Peace” ဖြစ်ပါ သည်။ သန့်ရှင်းသောရေရရှိခြင်းသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသာမက လူတစ်ဦးချင်းနှင့် လူ့အဖွဲ့ အစည်းနိုင်ငံအချင်းချင်းအတွက် အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်သောကြောင့် ရေများကို မဖြုန်းတီးရန် တိုက်တွန်း နှိုးဆော်ခြင်းဖြင့် World Water Day အား ဗဟိုရ်စည်ဆေးရုံကြီးက ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ရပါသည် ခင်ဗျာ။

Reference By: United Nation UN Water

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”