🌊World Water Day
ကမ္ဘာ့ရေနေ့ကို နှစ်စဉ် မတ်လ (၂၂) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ နေ့တစ်နေ့အဖြစ် (၁၉၉၃) ခုနှစ်မှ စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ လူဦးရေတိုးပွားလာသည်နှင့်အမျှ ရရှိသောရေအရင်းအမြစ်များကို 🫗🫗အလွဲသုံးစားမှုများဖြစ်ပေါ်လာသောကြောင့် ကမ္ဘာတစ်ဝန်းရှိအချို့နေရာများတွင် ရေရှားပါးမှုများနှင့် ရေရှားပါးခြင်းကြောင့်ဖြစ်ပေါ်လာသော ကျန်းမာရေးပြဿနာများကိုကြုံတွေ့နေရပါသည်။
 
ရေသည် လူ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့်အခြေခံအထောက်အပံ့ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိသက်ရှိအားလုံးအတွက် အကျိုးသက်ရောက်မှုရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိလူများအနေဖြင့် ရေနှင့်ဆက်နွယ်သောကိစ္စများနှင့် ကျန်းမာရေးပြဿနာများအကြောင်း ပိုမိုသိရှိစေရန်၊ ရေညစ်ညမ်းမှုနှင့် ရေပြဿနာတိုင်းကို ကိုင်တွယ်ဖြေရှင်းရန်၊ ရေရှားပါးမှု၊ ရေထောက်ပံ့မှု မလုံလောက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် ကျန်းမာရေးပြဿနာများကိုတားဆီးနိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။ (၂၀၂၃) ခုနှစ် ကမ္ဘာ့ရေနေ့၏ ဆောင်ပုဒ်မှာ Accelerating Change ဖြစ်ပါသည်။ သန့်ရှင်းသောရေရရှိခြင်းသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကိုရရှိစေနိုင်သောကြောင့် 🫗🫗ရေများကိုမဖြုန်းတီးရန် တိုက်တွန်းနှိုးဆော်ခြင်းဖြင့် World Water Day အား ဗဟိုရ်စည်ဆေးရုံကြီးဝန်ထမ်းများမိသားစုမှ ဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ။💐💐💐

“လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”