Medical Services
Who We Are
Bahosi Hospital is a free standing Multi-Disciplinary Specialist Centre located at Building no. 31-36,1-2, 5-6, ဗဟိုရ်စည်ဆေးရုံကို (၁၉၉၄) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး “လူသားအားလုံး ကျန်းမာစေချင်သည့် ဗဟိုရ်စည် (Health for All)” ဟူသော ဆောင်ပုဒ်ဖြင့် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးလျှက် ရှိပါသည်။ ဗဟိုရ်စည်ဆေးရုံသည် ခုတင် (၁၅၀) ဆေးရုံဖြစ်ပြီး လမ်းမတော်မြို့နယ် ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ ဗဟိုရ်စည်အိမ်ယာဝင်းအတွင်း တည်ရှိပါသည်။ ဝါးတန်းလမ်းဘက်မှ ဝင်လိုက်သည်နှင့် ပေါ်တီကိုအောက်တွင် အသင့်စောင့်ဆိုင်းနေသော လေ့ကျင့်သင်ကြားထားသည့် ဝန်ထမ်းများက ခရီးဦးကြိုပြုပါသည်။ လူနာအား ကူ၍တွဲကာ OPD (ပြင်ပလူနာ) ပြသမည့်သူဆိုလျှင် ဘယ်ဘက်အဆောက်အဦး (Building B) သို့သွားရန် ၊ ဆေးရုံတက်မည့် လူနာဖြစ်ပါက ညာဘက်အဆောက်အဦး (Building-A) သို့သွားရန် လိုက်လံပို့ဆောင် ညွှန်ပြပေးပါသည်။ကားမောင်းသူကို အဆင်ပြေစွာ ယာဉ်ရပ်နားနိုင်ရန် စီစဉ်ပေးပါသည်။
Health Info
ပူပြင်းသော နွေရာသီတွင်ကျန်းမာစွာနေထိုင်ခြင်း
ပူပြင်းသောနွေရာသီတွင် ကျန်းမာစွာနေထိုင်ခြင်း
ယခုလိုပူပြင်းသောနွေရာသီတွင် အပူချိန်မြင့်တက်လာသောကြောင့် အပူချိန်ကိုနေ့စဉ်နေ့တိုင်း တော်တော်လေးခံ စားနေကြရပါသည်။ ထို့ကြောင့်နေပူထဲတွင်သွားလာနေသူများ၊ နေပူထဲတွင် အလုပ်လုပ်နေကြသောသူများ၊
ဆီးလမ်းကြောင်းပိုးဝင်းခြင်းနှင့် ကျန်းမာရေးလက္ခဏာများ
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆိုတာဘာကိုပြောတာလဲ
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်ပေါ်စေနိုင်သောအဓိကအကြောင်းရင်းသည် များသောအားဖြင့် Escherichia coli (E. coli) ကြောင့်ဖြစ်ပါသည်။ E. coli သည် အစာအိမ်နှင့် အူလမ်းကြောင်း (GI) တွင် တွေ့ရလေ့ရှိသော ဗက်တီးရီးယား တစ်မျိုးဖြစ်ပါသည်။
ချွေးအလွန်အကျွံထွက်ခြင်းကြောင့်ဖြစ်တတ်သောကျန်းမာရေးပြဿနာများ
ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဖြစ်တတ်သော ကျန်းမာရေးပြဿနာများ
ချွေးအလွန်အကျွံထွက်ခြင်းကို (hyperhidrosis) ဟုသိကြပြီး၊ ၎င်းသည်အမျိုးမျိုးသော ကျန်းမာရေးပြဿနာများနှင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
Computer Screen Time များခြင်းကြောင့်ဖြစ်ပေါ်လာကျန်းမာရေးပြဿနာများ
Computer Screen Time များခြင်းကြောင့်ဖြစ်ပေါ်လာကျန်းမာရေးပြဿနာများ
ယနေ့ခေတ်တွင် ကလေးရောလူကြီးပါမကျန် ဖုန်း၊ ကွန်ပျူတာ၊ တီဗီ စသည့် အီလက်ထရောနစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည်နှင့်အမျှ ကောင်းကျိုးဆိုးကျိုးများသည်လည်း ဒွန်တွဲလျက်ရှိပါသည်။
အသက်အရွယ်ရလာခြင်းနှင့် ကျန်းမာရေးကောင်းအောင်စားသောက်နေထိုင်ခြင်း
အသက်အရွယ်ရလာခြင်းနှင့် ကျန်းမာရေးကောင်းအောင်စားသောက်နေထိုင်ခြင်း
အသက်ကြီးလာသည်နှင့်အမျှ အာဟာရမျှတအောင်စားသောက်နေထိုင်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာကိုစားသုံးခြင်းတို့သည်
ဆောင်းရာသီတွင်အဖြစ်များသော ကျန်းမာရေးပြဿနာများ
ဆောင်းရာသီတွင်အဖြစ်များသောကျန်းမာရေးပြဿနာများ
ချမ်းအေးသော ဆောင်းရာသီအကူးအပြောင်းကာလမှာ လူကြီး၊ လူငယ်များနှင့် ကလေးများတွင် ဖြစ်ပွားတတ်သော အဖြစ်များဆုံးရောဂါများနှင့် ကျန်းမာရေးဆိုင်ရာကာကွယ်မှုအချို့ကို ဗဟုသုတအလို့ငှါ ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
လိပ်ခေါင်းရောဂါကာကွယ်ပါ(Hemorrhoids)
တင်ပါးဆုံနှင့် ဒူးခေါင်းပိုင်းဆိုင်ရာ အစားထိုးခွဲစိတ်ကုသခြင်း
သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း
သွေးတိုးရောဂါနှင့် လေဖြတ်ခြင်း
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) ၏ပြောကြားချက်အရ သွေးတိုးခြင်းသည် လေဖြတ်ခြင်း၏ အဓိကအကြောင်းအရင်းများထဲမှ တစ်ခုဖြစ်သည်ဟုဆိုထားပါသည်။ အသံတိတ်လူသတ်သမားဟုခေါ်သော
သွေးတိုးခြင်းနှင့် ကျောက်ကပ်ရောဂါ
သွေးတိုးရောဂါသည် ကမ္ဘာတစ်ဝန်းတွင် လူကြီး၊ လူငယ်၊ ကျားမ အသက်အရွယ်မရွေး အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်ပြီး ကြာလာသည်နှင့်အမျှ နှလုံး၊ အဆုတ်၊ မျက်စိ၊ ဦးနှောက်နှင့် ကျောက်ကပ်ကဲ့သို့သော အင်္ဂါများကို ထိခိုက်ပျက်စီးစေပြီး အသက်အန္တရာယ်ကိုပင် ထိခိုက်စေနိုင်ပါသည်။
World Malaria Day (April-25)
World Laboratory Day (April-23)
World Liver Day-2024
World Parkinson’s Day-2024
World Laboratory Day Celebration
ဗဟိုရ်စည်ဆေးရုံမိသားစု၏ စုပေါင်းသင်္ကြန်အလှူ
ပျော်ရွှင်စရာမြန်မာနှစ်သစ် နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါစေ
National Doctors’ Day 2024 Celebration
Testimonials
Bahosi Oncology Center တွင် ကင်ဆာဆေးသွင်းနေသည့် အန်တီဒေါ်စန်းစန်းထွေး၏ ရင်တွင်းစကား
အန်တီနာမည်ကတော့ ဒေါ်စန်းစန်းထွေးဖြစ်ပါတယ်။ အသက်ကတော့ (၇၂) နှစ်ရှိပါပြီ ဗဟိုရ်စည် ဆေးရုံမှာ ကင်ဆာဆေးသွင်းနေတာကတော့ (၅) ကြိမ်ရှိပါပြီ။ ဒီဗဟိုရ်စည်ဆေးရုံမှာက ဧည့်ကြိုဌာနကနေစပြီး ကင်ဆာဆေးသွင်းတဲ့နေရာအထိ ဝန်ထမ်းတွေက မိသားစုသဖွယ် နွေးနွေးထွေးထွေးရှိ၍ အန်တီ စိတ်ချမ်းသာရပါတယ်။ ကင်ဆာဆေးသွင်းတဲ့ဌာနက တာဝန်ကျဝန်ထမ်းများလည်း ကောင်းမွန်သော ဝန်ဆောင်မှုနှင့် လူနာအခန်းများလည်း သန့်ရှင်းသပ်ရပ်မှုများကြောင့် တော်တော်စိတ်ချမ်းသာရပါတယ်။ ဗဟိုရ်စည်ဆေးရုံရဲ့ ကင်ဆာဆေးသွင်းဌာနကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတော့ ဆရာဝန်ကြီးအချင်းချင်း ညွှန်ကြားမှုနဲ့ ရောက်လာတာလည်းပါတယ် ပြီးတော့ ဒီဗဟိုရ်စည်ဆေးရုံမှာက အစ်ကိုကြီးတက်ခဲ့ဖူး တယ်၊ အစ်မလေး တက်ခဲ့ဖူးတယ် အဲ့လိုမျိုးဆိုတော့ ဗဟိုရ်စည်ဆေးရုံကမိသားစုသဖွယ်ဖြစ်နေတော့ အန်တီကလည်း ဒီမှာလာတက်တာဖြစ်ပါတယ်။ သူတို့တက်တုန်းကလည်း အစစအရာရာ အဆင်ပြေခဲ့ တယ်လေ အဲ့ဒါကြောင့် ဒီဗဟိုရ်စည်ဆေးရုံကိုရွေးချယ်ဖြစ်ခဲ့တာပါ။ အန်တီက ဆေးစသွင်းကတည်းက ဘာမှမဖြစ်ဘူး တစ်ချို့ကဖျားမယ် အဖုအပိတ်တွေထွက်မယ် အန်တီကအဲ့ဒါတွေလည်းမဖြစ်ဘူး ထမင်းလည်းစားနိုင်တယ် အိပ်လည်းအိပ်တယ်။ အစစအရာရာအဆင်ပြေလို့ အားလုံးကို ကျေးဇူးလည်း တင်ပါတယ် ဗဟိုရ်စည်ဆေးရုံကြီးလည်း ဒီထက်မက အောင်မြင်ပါစေလို့အန်တီအနေ့နဲ့ ဆုတောင်ပေးပါတယ်နော်။
Thein Nyunt ၏ ရင်တွင်းစကား
ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး အမေ့ဆီကိုရောက်ရှိ . . .အမေ့ရဲ့ ဗိုက်တာမင်အား ဆေး (ကျွန်တော့်ရဲ့သမီးလေး)လည်းပါတယ် . . .
ပိုက်ပေါင်းစုံလင် ဆေးပေါင်းစုံလင် . . . စိတ်ရှည်လက်ရှည်နဲ့ အမေ့ကိုစေတနာရှေ့ထား ကုသပေးပါသော ဆရာဝန်ကြီးများ သူနာပြုဆရာမများကို အထူးကျေးဇူးတင်ရှိပါတယ် . . . ။
Maih Te ၏ ရင်တွင်းစကား
အလွန်လူသားဆန်သော ဆေးရုံပါ ဆီးနှင့်ကျောက်ကပ်အထူးကု ဒေါက်တာမင်းသူနဲ့ ကျောက်ကပ်ကျောက်တည် ခွဲစိတ်ထားတာပါ ဒေါက်တာကအစ ဆရာမတွေ ဝန်ထမ်းတွေ စိတ်ရှည်ပြီး ဆက်ဆံရတာ အဆင်ပြေ ပါတယ်
အလွန်နွေးထွေးကြပါတယ် ရေချိုးခန်း အိမ်သာအလွန်သန့်ရှင်းလို့ စိတ်ချမ်းသာရပါတယ် အိမ်မှာနေသလိုပဲသက်တောင့်သက်သာရှိလှပါတယ် ကျေးဇူးပါ ဗဟိုရ်စည်။
Wah Wah Lay ၏ ရင်တွင်းစကား
ခု ဆေးရုံတက်နေပါတယ် တိုက် C 2 ထပ်မှာပါ ဆရာမလေးတွေကအချိန်ပြည့်စောင့်ကြည့်ပေးတယ် စိတ်လည်းအရမ်းရှည်ကြတယ် ဆရာဝန်ကြီးတွေကလည်း
စိတ်ရှည်စွာ ရှင်းပြပေးကြတယ် ဗဟိုစည်ဆေးရုံမှ ဝန်ထမ်းများအားလုံးနဲ့ ဆရာဝန်ကြီးများ ကျန်းမာချမ်းသာကြပါစေ။
Êñt Mâw (Ërrør)၏ ရင်တွင်းစကား
အ့ဆေးရုံ တကယ် အဆင်ပြေပါတယ် ဆရာတေကော ဆရာမတေကော nurse တေကောလူနာ အပေါ် အရမ်း သည်းခံ ကြတယ် ကျနော်ဆို ဆီးနဲ့ကျောက်ကပ်ဆရာ ကြီးဦးမင်းသူနဲ့ အ့ဆေးရုံမာ
ကျောက်ကပ်က ကျောက်ကို လေဆာနဲ့ချေခဲ့တာပါ တကယ်ကို လူနာတေအပေါ် အရမ်းစိတ်ရှည် ကြပါတယ်။