🌎World Birth Defects Day 🌎
 
💐မတ်လ (၃)ရက်နေ့တွင် World Birth Defects Day အား နှစ်စဉ်ပုံမှန်ကျင်းပခဲ့ပြီး မွေးရာပါချို့ယွင်းချက်ဖြင့် မွေးဖွားလာသည့် ကလေးများလျော့နည်းစေရန်အတွက် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့အစည်းပေါင်း (၁၂၀) ကျော်သည် မွေးရာပါချို့ယွင်းချက်များ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အသိပေးမှုတိုးမြှင့်စေရန်ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။
 
📌နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိ နို့စို့ကလေး ၃-၆ရာခိုင်နှုန်းခန့်သည် မွေးရာပါချို့ယွင်းမှုများဖြင့်မွေးဖွားလာကြသည်ဟု Centers for Disease Control and Prevention (CDC) ကဆိုထားပါသည်။ မွေးရာပါချို့ယွင်းချက်များကြောင့် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် မွေးကင်းစကလေး (၂၄၀)ခန့် သေဆုံးသည်ဟု ခန့်မှန်းရပါသည်။
 
📌မွေးရာပါချို့ယွင်းချက်များသည် မျိုးရိုးဗီဇ၊ ကူးစက်ရောဂါ၊ အာဟာရ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရင်းများကြောင့် ဖြစ်နိုင်သော်လည်း အကြောင်းအရင်းအတိအကျကို ခွဲခြားသိမြင်ရန် ခက်ခဲလေ့ရှိပါသည်။
 
📌ကလေးမွေဖွားရာတွင် ချို့ယွင်းချက်များမဖြစ်ပေါ်စေရန်အတွက် အရေးကြီးသော ကာကွယ်မှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ မွေးရာပါချို့ယွင်းချက်များကို တားဆီးနိုင်ရန်အတွက် ကိုယ်ဝန်ဆောင်များအနေဖြင့် ကာကွယ်ဆေးထိုးခြင်း၊ ဖြည့်စွက်စာများကိုစားသုံးခြင်း ဖောလစ်အက်ဆစ် သို့မဟုတ် အိုင်အိုဒင်းကို လုံလောက်စွာစားသုံးခြင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အမျိုးမျိုးစသောကျန်းမာသော အစားအစာများစားသင့်ပြီး ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်လိုအပ်ပါသည်။
 
📌ကိုယ်ဝန်မဆောင်မီနှင့် ကိုယ်ဝန်ဆောင်စဉ်အတောအတွင်း အရက်နှင့် ဆေးရွက်ကြီးတို့ကို လုံးဝရှောင်ကြဉ်ခြင်း၊ ကူးစက်ရောဂါဖြစ်ပွားနေသော နေရာဒေသများသို့ ခရီးသွားခြင်းကို ရှောင်ကြဉ်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်အတွင်း အန္တရာယ်ရှိသောပစ္စည်းများနှင့် ပတ်ဝန်းကျင်ကိုရှောင်ကြဉ်ခြင်း စသည့်လုံလောက်သောဂရုစိုက်မှုတို့ဖြင့် ကာကွယ်ခြင်းများကိုပြုလုပ်သင့်ပါသည်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးဝါးများ သို့မဟုတ် ဆေးဘက်ဆိုင်ရာ ရောင်ခြည်များထိတွေ့မှုမှန်သမျှကို ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်ပြီး ရှောင်ကြဉ်မှုများ ပြုလုပ်သင့်ပါသည်။ ထို့အပြင်ကူးစက်ရောဂါများအတွက် ကာကွယ်ဆေးထိုးခြင်းများနှင့် ကျန်းမာရေးစစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်သင့်ပါသည်။ မွေးရာပါ ချို့ယွင်းချက်အချို့ကို ဆေးဘက်ဆိုင်ရာ သို့မဟုတ် ခွဲစိတ်ကုသမှုများဖြင့် ကုသနိုင်ပါသည်။
 
📌စောစီးစွာရှာဖွေကုသခြင်းကြောင့် ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ကျန်းမာသော လူကြီး ဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါသည်။ မှန်ကန်သောကုသနည်းကို မရရှိနိုင်ခြင်းက ဉာဏ်ရည်ချို့တဲ့မှုများ၊ နှလုံးချွတ်ယွင်း ချက်များ၊ အာရုံကြောချွတ်ယွင်းချက်များနှင့် (Down’s Syndrome) ဒေါင်းရောဂါလက္ခဏာများ၊ ရေရှည်မသန်စွမ်းမှုများနှင့် အခြား မလိုလားအပ်သောရောဂါများကိုဖြစ်စေနိုင်ပါသည်။
 
📌ထို့ကြောင့် မွေးရာပါ ချို့ယွင်းချက်တချို့ရှိသော ကလေးများကို ရုပ်ပိုင်းဆိုင်ရာကုထုံး၊ စကားပြောကုထုံး၊ လုပ်ငန်းခွင်ကုထုံးနှင့် မိသားစုအသိုင်းအဝိုင်းများ၏ထောက်ပံ့မှုများပါဝင်ရန် လိုအပ်ပါကြောင်းပြောကြားရင်း မွေးရာပါချို့ယွင်းချက်ကင်းစင်သော ကမ္ဘာကြီးဖြစ်စေရန်အတွက် World Birth Defects Day အား ဗဟိုရ်စည်ဆေးရုံကြီး ဝန်ထမ်းများမိသားစုမှ ဝမ်းမြောက်စွာကြိုဆိုဂုဏ်ပြုလိုက်ပါသည်ခင်ဗျာ။💐💐💐
 
🩺🩺ကိုယ်ဝန်မဆောင်မီ ကျန်းမာရေးစစ်ဆေးလိုသော မိခင်လောင်းများအတွက် ကျွန်တော်တို့ ဗဟိုရ်စည် ဆေးရုံကြီး၏ Medical Check-Up ဌာနတွင် Pre-pregnancy Medical Check-Up ဖြင့် အကောင်းဆုံး ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေပါသည်ခင်ဗျာ။

“ လူသားအားလုံးကျန်းမာစေချင်သည်ဗဟိုရ်စည်”