Medical Services
Who We Are
Bahosi Hospital is a free standing Multi-Disciplinary Specialist Centre located at Building no. 31-36,1-2, 5-6, ဗဟိုရ်စည်ဆေးရုံကို (၁၉၉၄) ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး “လူသားအားလုံး ကျန်းမာစေချင်သည့် ဗဟိုရ်စည် (Health for All)” ဟူသော ဆောင်ပုဒ်ဖြင့် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများပေးလျှက် ရှိပါသည်။ ဗဟိုရ်စည်ဆေးရုံသည် ခုတင် (၁၅၀) ဆေးရုံဖြစ်ပြီး လမ်းမတော်မြို့နယ် ၊ ဗိုလ်ချူပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ ဗဟိုရ်စည်အိမ်ယာဝင်းအတွင်း တည်ရှိပါသည်။ ဝါးတန်းလမ်းဘက်မှ ဝင်လိုက်သည်နှင့် ပေါ်တီကိုအောက်တွင် အသင့်စောင့်ဆိုင်းနေသော လေ့ကျင့်သင်ကြားထားသည့် ဝန်ထမ်းများက ခရီးဦးကြိုပြုပါသည်။ လူနာအား ကူ၍တွဲကာ OPD (ပြင်ပလူနာ) ပြသမည့်သူဆိုလျှင် ဘယ်ဘက်အဆောက်အဦး (Building B) သို့သွားရန် ၊ ဆေးရုံတက်မည့် လူနာဖြစ်ပါက ညာဘက်အဆောက်အဦး (Building-A) သို့သွားရန် လိုက်လံပို့ဆောင် ညွှန်ပြပေးပါသည်။ကားမောင်းသူကို အဆင်ပြေစွာ ယာဉ်ရပ်နားနိုင်ရန် စီစဉ်ပေးပါသည်။
Health Info
ရေယုန်ပေါက်ခြင်းနှင့်ကျန်းမာရေး
ရေယုန်ပေါက်ခြင်းနှင့်ကျန်းမာရေး
ရေယုန်ပေါက်ခြင်းသည် အသက်အရွယ် (ကျား/မ) မရွေးဖြစ်ပွားတတ်ပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ခုခံအားစနစ် အားနည်းသူများတွင် အဖြစ်များသော အခြေအနေတစ်ခုဖြစ်သည်။ ရေယုန်ဆိုသည်မှာ ခန္ဓာကိုယ် ပေါ်ရှိ အရည်ကြည်ဖုများမှတစ်ဆင့်ကူးစက်ခြင်းဖြစ်ပါသည်။
တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွါးလာသော မျောက်ကျောက်ရောဂါ
တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသော မျောက်ကျောက်ရောဂါ
မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် WHO ကကြေညာ ထားပါသည်။ ၂၀၂၂ ခုနှစ်မှာ အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပြီး ၂၀၂၄ ခုနှစ်
အရေပြားလေးဖက်နာ Systemic Lupus Erythematosus (SLE)
အရေပြားလေးဖက်နာ Systemic Lupus Erythematosus (SLE)
SLE သည်နာတာရှည် autoimmune ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ကာ ရောင်ရမ်းနာကျင်မှုများဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်အတွင်းရှိ တစ်ရှူးများနှင့် သွေးကြောများကို ပျက်စီးစေနိုင်သည့်
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Cholerae)
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Cholerae)
ယခုရက်ပိုင်းအတွင်း အဖြစ်များပြီး အသက်အန္တရာယ်ဖြစ်စေနိုင်သော ဝမ်းပျက်ဝမ်းလျှောရောဂါ (Cholerae)အကြောင်း နှင့်ပတ်သက်၍ ကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်များကို ဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။
မိုးရာသီနှင့် ဝမ်းပျက်ဝမ်းလျောရောဂါ
မိုးရာသီနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ
ယခုလိုမိုးရာသီတွင် နှာစေး၊ ချောင်းဆိုး၊ ဖျားနာခြင်းများအပြင် ဝမ်းပျက်ဝမ်းလျှောခြင်းများလည်း ဖြစ်နိုင်ပါသည်။ အထူးသဖြင့် သန့်ရှင်းသောရေနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုမလုံလောက်သော နေရာ ဒေသများတွင် မိုးရာသီ၌အဖြစ်များသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါသည်။
ပူပြင်းသော နွေရာသီတွင်ကျန်းမာစွာနေထိုင်ခြင်း
ပူပြင်းသောနွေရာသီတွင် ကျန်းမာစွာနေထိုင်ခြင်း
ယခုလိုပူပြင်းသောနွေရာသီတွင် အပူချိန်မြင့်တက်လာသောကြောင့် အပူချိန်ကိုနေ့စဉ်နေ့တိုင်း တော်တော်လေးခံ စားနေကြရပါသည်။ ထို့ကြောင့်နေပူထဲတွင်သွားလာနေသူများ၊ နေပူထဲတွင် အလုပ်လုပ်နေကြသောသူများ၊
ဆီးလမ်းကြောင်းပိုးဝင်းခြင်းနှင့် ကျန်းမာရေးလက္ခဏာများ
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ဆိုတာဘာကိုပြောတာလဲ
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်ပေါ်စေနိုင်သောအဓိကအကြောင်းရင်းသည် များသောအားဖြင့် Escherichia coli (E. coli) ကြောင့်ဖြစ်ပါသည်။ E. coli သည် အစာအိမ်နှင့် အူလမ်းကြောင်း (GI) တွင် တွေ့ရလေ့ရှိသော ဗက်တီးရီးယား တစ်မျိုးဖြစ်ပါသည်။
ချွေးအလွန်အကျွံထွက်ခြင်းကြောင့်ဖြစ်တတ်သောကျန်းမာရေးပြဿနာများ
ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဖြစ်တတ်သော ကျန်းမာရေးပြဿနာများ
ချွေးအလွန်အကျွံထွက်ခြင်းကို (hyperhidrosis) ဟုသိကြပြီး၊ ၎င်းသည်အမျိုးမျိုးသော ကျန်းမာရေးပြဿနာများနှင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
Computer Screen Time များခြင်းကြောင့်ဖြစ်ပေါ်လာကျန်းမာရေးပြဿနာများ
Computer Screen Time များခြင်းကြောင့်ဖြစ်ပေါ်လာကျန်းမာရေးပြဿနာများ
ယနေ့ခေတ်တွင် ကလေးရောလူကြီးပါမကျန် ဖုန်း၊ ကွန်ပျူတာ၊ တီဗီ စသည့် အီလက်ထရောနစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည်နှင့်အမျှ ကောင်းကျိုးဆိုးကျိုးများသည်လည်း ဒွန်တွဲလျက်ရှိပါသည်။
အသက်အရွယ်ရလာခြင်းနှင့် ကျန်းမာရေးကောင်းအောင်စားသောက်နေထိုင်ခြင်း
အသက်အရွယ်ရလာခြင်းနှင့် ကျန်းမာရေးကောင်းအောင်စားသောက်နေထိုင်ခြင်း
အသက်ကြီးလာသည်နှင့်အမျှ အာဟာရမျှတအောင်စားသောက်နေထိုင်ခြင်းသည် ကျန်းမာရေးအတွက် အရေးကြီးသောအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းထားခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတသော အစားအစာကိုစားသုံးခြင်းတို့သည်
International Day of Persons with Disabilities (IDPD)
World AIDS Day-2025
World Mental Health Day-2025
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့
Bahosi Hospital Happy New Year Staff Party – 2026
ပါမောက္ခ ဒေါက်တာဦးနေဝင်း (အထွေထွေရောဂါ အထူးကုသမားတော်ကြီး) ၏ မွေးနေ့အလှူ
Annual Medical Checkup
Dr. Daw Shu Mon (Oncologist) ၏ရှမ်းခေါက်ဆွဲအလှူ
Testimonials

Bahosi Oncology Center တွင် ကင်ဆာဆေးသွင်းနေသည့် အန်တီဒေါ်သန်းသန်းဦး၏ ရင်တွင်းစကား
အန်တီနာမည်ကတော့ ဒေါ်သန်းသန်းဦးဖြစ်ပါတယ်။ အသက်ကတော့ (၅၂) နှစ်ပါ။ ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ကမာက လဲကျေးရွာကနေ ဗဟိုရ်စည်ဆေးရုံကြီးမှာ ကင်ဆာဆေးလာသွင်းတာ (၈) ကြိမ်သွင်းပြီးသွားပါပြီ။ နောက်ထပ် (၆) ကြိမ်သွင်းရမှာ ခုဆို (၅) ကြိမ်မြောက်ရှိပါပြီ။ ဒီမှာကင်ဆာဆေးသွင်းရတာ မူးတာ အန်တာလည်းမရှိဘူး အစား အသောက်အနေအထိုင်ကအစ အဆင်ပြေပါတယ်။ ကင်ဆာဆေးသွင်းတဲ့ ဌာနကဝန်ထမ်းများကလည်း မိသားစု သဖွယ်နွေးနွေးထွေးထွေးရှိတယ်၊ နေရထိုင်ရတာလည်းအဆင်ပြေတယ်၊ ဝန်ဆောင်မှုလည်းကောင်းလို့ ဒီဗဟိုရ်စည် ဆေးရုံမှာကင်ဆာဆေးလာသွင်းဖြစ်တာပါ။ ပြီးတော့ အန်တီခွဲစိတ်မှု လုပ်တုန်းကလည်း ခွဲစိတ်ဆရာဝန်ကြီး ဦးထွန်းဦးနဲ့ ခွဲစိတ်ရတာအဆင်ပြေတယ်။ နောက်ပြီး ကင်ဆာဆေးသွင်းဖို့ကိုလည်း ကင်ဆာဆရာဝန်ကြီး တစ်ယောက် နဲ့တိုင်ပင်ပြီး အန်တီအနေနဲ့ ဒီဗဟိုရ်စည် ဆေးရုံကိုပဲရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီခွဲစိတ်မှု လုပ်တုန်းကလည်း အဆင်ပြေခဲ့လို့လေ။ ခုလည်းကင်ဆာဆေးသွင်းတာ အစစအရာရာ အကုန်အဆင်ပြေပါတယ်။ ဗဟိုရ်စည်ဆေးရုံကြီးလည်း ဒီထက်မကအောင်မြင်ပါစေလို့ အန်တီအနေနဲ့ဆုတောင်း ပေးလိုက်ပါတယ်နော်။

Bahosi Oncology Center တွင် ကင်ဆာဆေးသွင်းနေသည့် အန်တီဒေါ်စန်းစန်းထွေး၏ ရင်တွင်းစကား
အန်တီနာမည်ကတော့ ဒေါ်စန်းစန်းထွေးဖြစ်ပါတယ်။ အသက်ကတော့ (၇၂) နှစ်ရှိပါပြီ ဗဟိုရ်စည် ဆေးရုံမှာ ကင်ဆာဆေးသွင်းနေတာကတော့ (၅) ကြိမ်ရှိပါပြီ။ ဒီဗဟိုရ်စည်ဆေးရုံမှာက ဧည့်ကြိုဌာနကနေစပြီး ကင်ဆာဆေးသွင်းတဲ့နေရာအထိ ဝန်ထမ်းတွေက မိသားစုသဖွယ် နွေးနွေးထွေးထွေးရှိ၍ အန်တီ စိတ်ချမ်းသာရပါတယ်။ ကင်ဆာဆေးသွင်းတဲ့ဌာနက တာဝန်ကျဝန်ထမ်းများလည်း ကောင်းမွန်သော ဝန်ဆောင်မှုနှင့် လူနာအခန်းများလည်း သန့်ရှင်းသပ်ရပ်မှုများကြောင့် တော်တော်စိတ်ချမ်းသာရပါတယ်။ ဗဟိုရ်စည်ဆေးရုံရဲ့ ကင်ဆာဆေးသွင်းဌာနကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတော့ ဆရာဝန်ကြီးအချင်းချင်း ညွှန်ကြားမှုနဲ့ ရောက်လာတာလည်းပါတယ် ပြီးတော့ ဒီဗဟိုရ်စည်ဆေးရုံမှာက အစ်ကိုကြီးတက်ခဲ့ဖူး တယ်၊ အစ်မလေး တက်ခဲ့ဖူးတယ် အဲ့လိုမျိုးဆိုတော့ ဗဟိုရ်စည်ဆေးရုံကမိသားစုသဖွယ်ဖြစ်နေတော့ အန်တီကလည်း ဒီမှာလာတက်တာဖြစ်ပါတယ်။ သူတို့တက်တုန်းကလည်း အစစအရာရာ အဆင်ပြေခဲ့ တယ်လေ အဲ့ဒါကြောင့် ဒီဗဟိုရ်စည်ဆေးရုံကိုရွေးချယ်ဖြစ်ခဲ့တာပါ။ အန်တီက ဆေးစသွင်းကတည်းက ဘာမှမဖြစ်ဘူး တစ်ချို့ကဖျားမယ် အဖုအပိတ်တွေထွက်မယ် အန်တီကအဲ့ဒါတွေလည်းမဖြစ်ဘူး ထမင်းလည်းစားနိုင်တယ် အိပ်လည်းအိပ်တယ်။ အစစအရာရာအဆင်ပြေလို့ အားလုံးကို ကျေးဇူးလည်း တင်ပါတယ် ဗဟိုရ်စည်ဆေးရုံကြီးလည်း ဒီထက်မက အောင်မြင်ပါစေလို့အန်တီအနေ့နဲ့ ဆုတောင်ပေးပါတယ်နော်။

Thein Nyunt ၏ ရင်တွင်းစကား
ကျွန်တော်တို့လင်မယားနှစ်ယောက်စလုံး အမေ့ဆီကိုရောက်ရှိ . . .အမေ့ရဲ့ ဗိုက်တာမင်အား ဆေး (ကျွန်တော့်ရဲ့သမီးလေး)လည်းပါတယ် . . .
ပိုက်ပေါင်းစုံလင် ဆေးပေါင်းစုံလင် . . . စိတ်ရှည်လက်ရှည်နဲ့ အမေ့ကိုစေတနာရှေ့ထား ကုသပေးပါသော ဆရာဝန်ကြီးများ သူနာပြုဆရာမများကို အထူးကျေးဇူးတင်ရှိပါတယ် . . . ။

Maih Te ၏ ရင်တွင်းစကား
အလွန်လူသားဆန်သော ဆေးရုံပါ ဆီးနှင့်ကျောက်ကပ်အထူးကု ဒေါက်တာမင်းသူနဲ့ ကျောက်ကပ်ကျောက်တည် ခွဲစိတ်ထားတာပါ ဒေါက်တာကအစ ဆရာမတွေ ဝန်ထမ်းတွေ စိတ်ရှည်ပြီး ဆက်ဆံရတာ အဆင်ပြေ ပါတယ်
အလွန်နွေးထွေးကြပါတယ် ရေချိုးခန်း အိမ်သာအလွန်သန့်ရှင်းလို့ စိတ်ချမ်းသာရပါတယ် အိမ်မှာနေသလိုပဲသက်တောင့်သက်သာရှိလှပါတယ် ကျေးဇူးပါ ဗဟိုရ်စည်။

Wah Wah Lay ၏ ရင်တွင်းစကား
ခု ဆေးရုံတက်နေပါတယ် တိုက် C 2 ထပ်မှာပါ ဆရာမလေးတွေကအချိန်ပြည့်စောင့်ကြည့်ပေးတယ် စိတ်လည်းအရမ်းရှည်ကြတယ် ဆရာဝန်ကြီးတွေကလည်း
စိတ်ရှည်စွာ ရှင်းပြပေးကြတယ် ဗဟိုစည်ဆေးရုံမှ ဝန်ထမ်းများအားလုံးနဲ့ ဆရာဝန်ကြီးများ ကျန်းမာချမ်းသာကြပါစေ။
