Operating Theatre

Operating Theatre Services

ဗဟိုရ်စည်ဆေးရုံကြီး၏ Operation Theatre Services ဌာနတွင် လူနာများ၏ဘေးကင်းလုံခြုံစိတ်ချမှုကို ဦးစားပေး၍ နိုင်ငံတစ်ကာမှတင်သွင်းသောခွဲစိတ်ခန်းသုံး ခေတ်မီစက်ကိရိယာများကို အသုံးပြုကာသက်ဆိုင်ရာခွဲစိတ်ကုသမှုအလိုက်ကျွမ်းကျင်သော ခွဲစိတ်အထူးကုဆရာဝန်ကြီးများကဦးဆောင်ပြီး အရေးကြီးသော ခွဲစိတ်ကုသမှုအမျိုးအစားအားလုံးကို လူနာများအတွက်အကောင်းမွန်ဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ထားရှိပါသည်။

  • ထိခိုက်ဒဏ်ရာအမျိုးမျိုးအတွက် အရေးပေါ်ခွဲစိတ်ကုသမှုများ(Emergency and Trauma Surgery)၊
  • အထွေထွေခွဲစိတ်ကုသမှုများ(General Surgery)၊ 
  • မျက်နှာ၊ မေးရိုး၊ သွားနှင့်ခံတွင်းရောဂါများ အတွက် ခွဲစိတ်ကုသခြင်းများ(Maxillafacial Plastic Surgery)၊
  • အရိုးနှင့်ပတ်သက်သောခွဲစိတ်ကုသမှုများ(Orthopedic Surgery)၊
  • မီးယပ်ဆိုင်ရာခွဲစိတ်ကုသမှုများ(Gynaecological Surgery)၊
  • ဆီးနှင့်ကျောက်ကပ်ဆိုင်ရာခွဲစိတ်ကုသမှုများ(Uro Surgery)၊
  • အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာခွဲစိတ်ကုသမှုများ(General Gastrointestinal Surgery)၊
  • ကျောက်ကပ်အတွင်းကျောက်ကိုမခွဲမစိတ်၊ မှန်ပြောင်းမသုံး၊ မေ့ဆေးမပေး ခေတ်မီစက်ကိုအသုံးပြု၍ ခန္ဓာကိုယ်ပြင်ပမှ လှိုင်းဖြင့်ကျောက်ခြေခြင်းများ(Extracorporeal Shuck Wave Lithotripsy)(ESWL) ၊
  • ခေတ်မီမှန်ပြောင်းဖြင့် ကျောက်ကပ်အတွင်းမှကျောက်ခြေခြင်းများ(Percutaneous Nephrolithotripsy)(PCNL)၊
  • ခေတ်မီမှန်ပြောင်းဖြင့် ဆီးပြွန်အတွင်းမှကျောက်ကို လေဆာရောင်ခြည်ဖြင့်ကျောက်ခြေခြင်းများ(Ureteroscopic Lithotripsy Laser)၊
  • ခေတ်မီအပေါက်ဖောက်အဆင့်မြင့်ခွဲစိတ်ပေးခြင်းများ(Laparoscopic Surgery)၊

စသည့်ခွဲစိတ်ကုသမှုအမျိုးအမျိုးကို (၂၄)နာရီ ပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိပါသည်။

Operating Theatre Services Department 

Phone 01-2300631,Ext-1601/1606 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

“လူသားအားလုံးကျန်းမာစေချင်သည် ဗဟိုရ်စည်”

အမှတ်(၁-၆)၊ ဗဟိုရ်စည်၊ ဝါးတန်းလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။